HeartBeat♥

8.9K 1.2K 45
                                    


စာမေးပွဲနီးလို့ စာကျက်နေရတဲ့ ခေါင်းပြာလေးက
စာလေး ၅မိနစ်လောက် လုပ်လိုက် ၊ မောင် မိုတီ
မိုတီ ဆိုပြီး  ပေါင်ပေါ် ပါးလေးလာတင်လိုက် နဲ့
တော်တော်လေး  အသည်းယားစဖွယ် ကောင်းနေ
တယ်  ။ သူလဲ စာလုပ် ၊ ကိုယ်လဲ စာလုပ် နေတာ
ချင်း တူတူတောင် ခေါင်းပြာလေးက ခဏခဏ သူ့
နား လာလာကပ်ပြီး ပေါင်ပေါ် ပါးအပ်ကာ လာလာချွဲ
တော့  ချန်းယောလ် မနိုင်နိုင်တော့ ။ ပြုံးကာ ငုံ့ကြည့်
လိုက်တော့ မျက်တောင်လေးတွေ တဖြတ်ဖြတ်ခတ်
ကာ  လူကို ချွဲတယ် ။ 

"   မောင်  မိုတီ  မိုတီပေး  စာမလုပ်ချင်ဘူး  "

ပါးလေးကို ငုံ့နမ်းလိုက်တော့ မျက်လုံးတွေ ပိတ်သွား
တဲ့အထိ ပြုံးပြီး သူ့စာကြည့်ခုံဆီ ပြန်သွားတော့တယ်။
ဒူးထိ ဘောင်းဘီတိုလေးက တင်ပျဉ်ခွေထိုင်ပြီး စာ
လုပ်တော့  ပေါင်လယ်ထိရောက်ပြီး ဖြူဖြူဖွေးဖွေး အ
သားလေးက ချန်းယောလ် ခဏခဏ အကြည့်ရောက်
နေရတယ် ။  ခေါင်းပြာလေးက မိုတီရသွားပြီး စာ
တွေ  အသည်းအသန် ကုန်းကြုံးလုပ်နေတော့ ဒီတခါ
မိုတီ ပြန်တောင်းရတာ ကိုယ် ဖြစ်သွားတယ် ။

"  ဘတ်ဟျွန်းနီ  မောင့်နားလာဦး  လွမ်းလို့ "

"  အီးယား  မောင်သိပ်အကဲပို  လာပြီ  လာပြီ  "

မလာတာလဲမဟုတ် ။ အပြုံးကလေးနဲ့အတူ အနားကို
တရွေ့ရွေ့ ရောက်လာတယ် ။ ပါးတဖက်ကို ဖောင်း
ကာ ထိုးပေးလိုက်တော့ မွခနဲ နူတ်ခမ်းလေးက ပါး
ပေါ် ရောက်လာတယ် ။ ချန်းယောလ် ပါးချိုင့်နက်နက်
ပေါ်အောင်   အကြီးအကျယ် ပြုံးလိုက်ပြီး အားအင်
တွေ ရသွားသလို ပင် ။  ခေါင်းပြာလေးက မျက်နှာကို
လက်နှစ်ဖက် နဲ့ ဆွဲယူပြီး ဘယ်ညာ ပါးနှစ်ဖက်ကို
တလှည့်စီ  အကြိမ်ကြိမ် အနမ်းပေးပစ်တယ် ။

" ဒီဘက်ပါးလဲ  မွ ဟိုဘက်ပါးလဲ မွ  မွမွ  ! "

ချန်းယောလ် ပြုံးပြုံးကြီးနဲ့ အနမ်းပေးခံနေရတယ် ။ပါးနှစ်ဖက်စလုံး အနမ်းပေးပြီးသွားတော့ ခေါင်းပြာ
လေးက " မောင် ချစ်တယ်နော် " လို့ပြောပြီး သူ့စာ
ကြည့်စားပွဲဆီ  ပြန်ရောက်သွားတယ် ။ ချန်းယောလ်
စာလုပ်ပြီးသွားတော့  တဖက်က ခေါင်းပြာလေးကို
လှမ်းကြည့်လိုက်တယ်  ။ စိတ်ဝင်တစား စာတော့
လုပ်နေရှာသား ။ စာကြည့်ခုံအံဆွဲထဲက ခေါင်းပြာ
လေးအတွက် ကိုယ်တိုင်လုပ်ပေးထားတဲ့ Bracelet လေးကို ထုတ်ယူလိုက်ပြီး ခေါင်းပြာ
လေး အနားကို  သွားလိုက်တယ်  ။

HeartBeat ♥[ Complete] Donde viven las historias. Descúbrelo ahora