ခေါင်းပြာလေး ခေါင်းပြာလေး ဆိုပြီး နာမည်ကြီးနေ
တော့ ချန်းယောလ် အူတိုချင်လာသည် ။ ထူးထူးဆန်းဆန်း တစ်ခေါင်းလုံး အပြာရောင်ဆိုးထားတော့
အများအမြင်မှာ အံ့သြဖွယ်ရာလေး ။ ထူးဆန်းတဲ့ အ
ရောင်ဖြစ်ပေမဲ့ ဒီကောင်လေးနဲ့မှ ကြည့်ကောင်းနေ
ပြန်တာက အခက်သား ။ ဘယ်သူနဲ့မှ လိုက်ဖက်မယ်
မထင်ရတဲ့ ဒီအရောင်က ဒီကောင်လေးနဲ့မှ ငေးယူစ
ရာကောင်းလောက်အောင် လိုက်ဖက်နေသည် ။
တက္ကသိုလ် တခုလုံးမှာ ဒီအရောင်ကို ဆိုးထားတာ ဒီ
ကောင်လေး တယောက်သာရှိသည် ။ ခေါင်းပြာလေး
ဆိုတဲ့ နာမည်ကလဲ သူသွားရာနေရာ နာမည်ကြီးနေ
သည် ။ တွေ့လိုက်တဲ့သူတိုင်းက ပါးစပ်အဟောင်းသားကို ဖြစ်သွားလောက်အောင် ဒီခေါင်းပြာလေးက
စွမ်းသည် ။ကိုယ့်အခန်းရှေ့က ခေါင်းပြာလေး ဖြတ်သွားတာနဲ့
လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတဲ့ မိန်းကလေးတွေ
ကြောင့် ချန်းယောလ် မျက်မှောင်ကြုတ်လိုက်သည်။
ခေါင်းပြာလေးကတော့ အိုဆယ်ဟွန်းကို စကားတွေ
တရစပ် စစ်သေနတ်ပစ်သလို လက်ဟန်ခြေဟန်နဲ့
ပြောနေသည်က ကိုယ့်ကိုတောင် လှမ်းမကြည့်သွား။ကန်တင်းမှာ စားသောက်နေတုန်းတော့ ခေါင်းပြာ
လေးက သူ့သူငယ်ချင်း အိုဆယ်ဟွန်းနဲ့ ရောက်ချလာ
သည် ။ အိုဆယ်ဟွန်း ရောက်လာတော့ ချန်းယော
လ်က ရုပ်တည်ကြီးနဲ့ ကြည့်ပေမဲ့ ရှီးယောင်းကတော့
ခပ်လန့်လန့်ဖြစ်နေသည် ။ သူ့ထက် ချီးအကြောင်း ၊
အီးအကြောင်းကို အစားအသောက် မပျက် ပြောနိုင်
တဲ့ အိုဆယ်ဟွန်းကို ရှီးယောင်း အရှုံးပေးသည် ။ရုပ်လေးနဲ့မှမလိုက် ချီးစကားတွေ သိပ်ပြောတယ်!
" အဟဲ ညီလေးဆယ်ဟွန်း ရောက်လာပြန်ပြီလား
အကိုတို့ ကောင်းကောင်းမွန်မွန် စားချင်ပါတယ်နော်"" စားပါဗျာ ! ကျွန်တော်တော့ မနက်မိုးလင်းထဲက
ဝမ်းခဏခဏသွားနေလို့ မစားနိုင်တော့ဘူး "ရှီးယောင်း တယောက် လက်ထဲက တူကို အသာချ
ကာ နူတ်ခမ်းတွေကို တင်းတင်းစေ့ကာ မချိပြုံး ပြုံး
သည် ။ ချန်းယောလ်ကတော့ လက်ကိုပိုက်ကာ ထိုင်
ခုံ နောက်မှီကို မှီထိုင်လိုက်တော့သည် ။
