ဒီနေ့မနက်တော့ မောင့်ဆီသွားပြီး တူတူကျောင်းသွားဖို့ ဆုံးဖြတ်ထားပေမဲ့ အိမ်နီးနားချင်း ဆယ်ဟွန်း
နီက သူ့ကား ပျက်နေလို့ပါတဲ့ ။ ဧည့်ခန်းမှာ အသင့်
ထိုင်စောင်ပြီး ကားစီးရရေး သူ့အရေး လာလုပ်နေ
သည် ။ ဒီပုံစံနဲ့ဆို မောင့်ဆီသွားတာတောင် ဆယ်
ဟွန်းနီကိုပါ တူတူခေါ်သွားရဦးမည် ။ မခေါ်ပြန်ရင်
လဲ ဆယ်ဟွန်းနီက အရပ်ရှည်သလောက် မထင်ရ
လောက်အောင် စိတ်ဆိုးတတ်ပါသေးသည် ။ လူက
ဖြင့် လူကြီးပုံစံဖမ်းနေပြီး ၊ ကလေးလေးလို စိတ်ခ
ဏခဏ ဆိုးတတ်တဲ့ ဆယ်ဟွန်းနီကို ချော့ရတာ
တော်တော်လေး ခက်ခက်ခဲခဲ ။ အခုတောင် သူ့ကို
အချိန်မပေးနိုင်ဘဲ မောင့်အနား သွားသွားကပ်နေ
တာကို စိတ်ဆိုးပါသေးတယ် ။ ဒါပေမဲ့ အခုနောက်
ပိုင်းတော့ ဆယ်ဟွန်းနီက ဘာမှမပြောတော့ဘူး ။ဘတ်ဟျွန်း ကားစမောင်းလာတာနဲ့ ဘေးခုံမှာ ထိုင်
နေတဲ့ ဆယ်ဟွန်းကတော့ လက်ပိုက်ကာ အချိန်
တော်တော်ကြာကြာအထိ တခုခုကို စဉ်းစားနေသ
ယောင်မို့ ဘတ်ဟျွန်း ခေါင်းစောင်း ကြည့်သည် ။" ဆယ်ဟွန်းနီး ဘာတွေစဉ်းစားနေတာလဲ "
" တနေ့တနေ့ မိုးလင်းလာတာနဲ့ ဘာစားရမလဲဆိုပြီး
စဉ်းစားရလွန်းလို့ ငါ့ဆံပင်တွေတောင် ဖြူလာနေပြီ
လား မသိဘူး "ဆယ်ဟွန်းက သူ့ဆံပင်တွေကို ကိုင်ကြည့်ပြီး အတည်ပေါက်ကြီးနဲ့ပြောတော့ ဘတ်ဟျွန်းက ရယ်သည်။
အစားအသောက်ကတော့ တနေ့တမျိုး မရိုးနိုင်အောင်
စားသောက်လွန်းတဲ့ သူငယ်ချင်းပါပဲ ။ ဒီရက်ပိုင်း
တောင် သူနဲ့တူတူ အတန်းလစ်ပြီး ထွက်မစားတာကို
အပြစ်ဖို့ပြောဆိုပါသေးသည် ။" မင်းအခု ဟိုတယောက်ဆီ သွားနေတာလား "
ကျောင်းဆီကို တည့်တည့်မသွားဘဲ မောင့်အိမ်ဘက်
ကို ကားကွေ့သွားတော့ ဆယ်ဟွန်းနီးက စူပုတ်ပုတ်
နဲ့မေးသည် ။ ပြုံးရယ်နေတဲ့ ဘတ်ဟျွန်းကတော့
မြူးမြူးကြွကြွလေး ခေါင်းညိတ်သည် ။ မနေ့ညက
တညလုံး မောင့်ကို စိတ်မကောက်ရက်ပဲ စိတ်
ကောက်ရသည် ။ သဝန်တိုပြီး စိတ်ကောက်တတ်တာ
တွေက မောင့်ကို ချစ်လွန်းလို့ဆိုတာ မောင်မှ နားမ
လည်တာ ။ တကယ်တော့ မောင်က ငတုံးလေ ။
![](https://img.wattpad.com/cover/210708765-288-k116198.jpg)