မနက်စောစောစီးစီး လက်မောင်းကို အတင်းလှုပ်
နှိုးခံလိုက်ရတော့ ကိုယ့်ကိုလွန့်လူးလိုက်ပြီး မျက်နှာ
ပေါ် လက်တင်ကာ ပြန်အိပ်ဖို့ကြိုးစားပေမဲ့ မောင် ဆို
တဲ့ ဆွဲဆွဲငင်ငင်အသံကြောင့် မျက်လုံးတွေကို အတင်း ပြူးပြဲကာဖွင့်ကြည့်လိုက်တော့ စူပုတ်ပုတ် ရုပ်က
လေးနဲ့ တကယ့် ခေါင်းပြာလေးမှ ခေါင်းပြာလေးအစစ် ။ အတင်းလူးလဲ ထ,ထိုင်လိုက်တော့ လက်မောင်း
ကို ဖြန်းခနဲ အရိုက်ခံရတော့သည် ။ မနက် ၆ခွဲ
လောက် အိမ်အထိ ၊ မောင့်အိပ်ယာပေါ်ထိ ကျောင်း
ယူနီဖောင်းလေးနဲ့ ရောက်ချလာတဲ့ ခေါင်းပြာလေးက စူပုတ်ပုတ်လေး ဖြစ်နေပါသတဲ့ ။" လက်ထပ်မယ်ပြောတဲ့သူက အိပ်နေနိုင်တယ်ပေါ့"
ခေါင်းဦးကိုဆွဲပြီး လွှဲရိုက်ပြန်တော့ ကိုယ့်မှာ လက်နဲ့
ကာရင် ရှောင်ရပြန်တယ်။ အိပ်မှုန်စုံမွှား အခြေအနေ
က ဘယ်ရောက်လို့ ရောက်မှန်းတောင် မသိတော့ဘူး
ခေါင်းပြာလေးက အိပ်ယာပေါ်ထိ လာပြီး လူကို ထု
ရိုက်ကာ စူပုတ် ကောက်ချိတ်နေသတဲ့ဗျာ ။" မောင် မောင်ပြောတာက နောက်လထဲလေ "
" သိတယ်လေ နောက်လထဲ ဒါမဲ့ မောင့်ဆီက ရုတ်
တရတ်ကြီး ဒီစကားကြားလိုက်ရတော့ ဘတ်ဟျွန်းနီ
ဘယ်လောက် အံ့သြခဲ့ရသလဲ မောင်မှ မသိတာ ။
ချစ်တယ်လို့လဲ ပြောပြီး လက်ထပ်ကြဖို့လဲပြောတယ်
ပြော ! ဒီစကားကိုမှ မအံ့သြရရင် ဘယ်စကားကို
အံ့သြရမလဲ ညကထဲက တညလုံး ကောင်းကောင်း
အိပ်ပျော်တာ မဟုတ်ဘူး မောင့်ဆီကို ညတွင်းချင်း
ကြီး ပြေးလာချင်တာ မေမေတို့်က မလွှတ်လို့သာ "ကိုယ့်မှာ စကားတွေအများကြီးပြောနေတဲ့ ခေါင်းပြာ
လေးကိုသာ ငေးကြည့်ရင်း ပြုံးရသည် ။ မောင်က
ကော ကောင်းကောင်း အိပ်ပျော်မယ် ထင်သလားကွာ
ဒီမနက်မှ အိပ်ပျော်ခဲ့တာ ။ နောက်လထဲဆို မောင်
တို့ လက်ထပ်ကြမယ်ဆိုတဲ့ အတွေးက မောင့်ကို
ကောင်းကောင်း အိပ်ပျော်စေပါ့မလား ။" ပြုံးပြီးကြည့်မနေနဲ့ ထပ်ပြော ဘတ်ဟျွန်းနီကို ချစ်
တယ်ပေါ့ ထပ်ပြောပေး မောင် "