1

27.9K 1.6K 58
                                    

Unicode

ချုံချင်းမြို့ လူနေအိမ်တွေနဲ့ဝေးကွာတဲ့ တစ်နေရာမှာ ခပ်လတ်လတ်အိမ်လေးတစ်လုံးက ခြံနဲ့ဝန်းနဲ့ တည်ရှိနေတယ်...သစ်ပင် ပန်းပင်တွေကြားထဲ လူငယ်လေးတစ်ယောက်ကတော့ ပန်းချီထိုင်ဆွဲနေပါရဲ့...

ပန်းချီလာသင်တဲ့ ကလေးလေး​တွေ​ြပန်သွားပြီမို့ ကင်းဗတ်တွေလိုက်သိမ်းပြီးတဲ့နောက် အေးအေးဆေးဆေးပုံထိုင်ဆွဲနေတာ....

၂၆နှစ်အရွယ်ရှောင်းကျန့်က လူတွေနဲ့ဆက်ဆံပြောဆိုရတာသိပ်သဘောမကျဘူး.....အဲ့တာကြောင့်ပဲ မိဘတွေထားခဲ့တဲ့ အိမ်ကိုရောင်းချပြီး မြို့အစွန်နားက ခြံလေးနဲ့တိုက်ပုလေးကိုဝယ်ပြီးနေနေခဲ့တာ...

မိဘတွေချန်ထားခဲ့တဲ့ လုပ်ငန်းတွေကိုတော့ သိပ်အုပ်ချုပ်ခြယ်လှယ်ချင်နေတဲ့ သူ့ဉီးလေးတွေကိုပဲပေးထားလိုက်တယ်...သူကိုယ်တိုင်လဲ အဲ့တာတွေလုပ်ဖို့စိတ်မဝင်စားတာမို့...လတိုင်းစားစရိတ်အတွက် သူ့အကောင့်ထဲငွေဝင်လာရင် ပြီးနေပြီပဲ...

ပန်းချီဆွဲဝါသနာကြောင့်နဲ့ပဲ ပန်းချီသင်ချင်တဲ့ကလေးတွေကို ပန်းချီသင်ပေးရင်း ဘဝလေးကိုအေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့တာပါပဲ....စာအုပ်ဖတ်ချင်ဖတ်မယ်..TV ကြည့်တဲ့အခါလဲကြည့်ပေါ့...

တစ်ပတ်စာအတွက်လိုအပ်သမျှ မြို့ထဲထိသွားပြီး ဈေးဝယ်တယ်..ပန်းချီဆွဲဖို့လိုတာတွေလဲဝယ်တယ်...
ဒီလိုနဲ့ပဲ သူ့ဘဝလေး သာယာနေခဲ့တာ...

"ဘုတ်.."

"အ့ "

အသံနှစ်ခုက တစ်ပြိုင်နက်ထဲထွက်လာတာ...ရှောင်းကျန့်ဆွဲလက်စ ပန်းချီကားကြီးလဲ ပက်လက်လှန်ကျသွားပြီး ရှောင်းကျန့်ပေါင်ပေါ်မှာ ခပ်ကြီးကြီးအကောင်လေးတစ်ကောင်...

ရာကွန်း (Racoon) !!!! ရာကွန်းဆိုတာ မြောက်အမေရိကမှာကျက်စားတတ်တဲ့အကောင်လေးတွေလေ..ဘယ်လိုလုပ်တရုတ်ကိုရောက်လာတာ???တိရစ္ဆာန်ရုံပို့ဖို့ လုပ်နေရင်းကပဲ လွတ်လာတာများလား...

ရာကွန်းလေးက သူ့ရင်ခွင်ထဲခေါင်းလေးမှီပြီး မျက်လုံးလေးကမှိတ်ထားလို့....

"ဟေ့ ဟေ့ "

ရာကွန်းမျက်နှာလေးကိုပွတ်ကြည့်တဲ့အခါ သူ့လက်ညှိုးကို တပြွတ်ပြွတ်စုပ်လာလေရဲ့...

My Racoon !Where stories live. Discover now