Unicode
ရိပေါ်လေး သူ့အိမ်ရောက်နေတာ တစ်ပတ်ရှိပြီ...ရာကွန်းအနေနဲ့နေတာပါတွက်ရင် နှစ်လလောက်တော့ရှိပြီ..။
ရိပေါ်က လုံးလုံးမဟုတ်ဘူးလို့ တွေးထားတဲ့ရှောင်းကျန့်အတွေးတွေကို လုံးလုံးလုပ်သမျှတစ်ပုံစံထဲတူတဲ့ ရိပေါ်ကပဲ ချိူးဖျက်ပစ်ပါတယ်..အနေအထိုင် အစားအသောက် အကုန်တူတယ်...လူအကောင်လိုက်နဲ့ ရာကွန်းပဲ မတူတာ...
မတရားလဲစားသည်။ မတရားလဲဆော့သည်။ အပြစ်တစ်ခုခုလုပ်ထားမိရင်ရှောင်းကျန့်ရင်ခွင်ထဲတိုးဝှေ့သည်။ စကားအများကြီးမပြောဘူး..ရှောင်းကျန့်အခွန်းတစ်ရာလောက်ပြောမှ သူက ဟုတ် တစ်လုံးတည်း...
တစ်ပတ်စာဝယ်ထားတာတွေလဲ ရိပေါ်စားတာနဲ့ ၃ရက်နဲ့တင်ကုန်နေပြီ...ဒီတိုင်းဆို စားသောက်စရိတ်ပိုကုန်နေတာမို့ ဦးလေးတွေဆီကလဲ တောင်းမနေချင်ဘူး။ ရိပေါ်ကိုဆက်ခေါ်ထားရင် အသုံးစရိတ်လောက်ငှဖို့သူရှာကြံမှဖြစ်တော့မှာ...
အဝတ်အစားတွေက သူ့ဟာတွေပဲလှည့်ပတ်ဝတ်ပေးထားတာ..အဝတ်ကောင်းကောင်းတစ်စုံလဲဝယ်ပေးချင်သေးတယ်...
"လုံးလုံး...."
ရှောင်းကျန့်ခေါ်လိုက်တဲ့အခါ ဆံပင်ဖွာလန်ကြဲရိပေါ်က အပြေးကလေးရောက်လာတယ်..ဒီကလေးက ချစ်မွှေးလေး...
"အဝတ်သွားလဲ...ဆံပင်သွားညှပ်မယ်..."
တီရှပ်ပွပွကိုအောက်ကဘောင်းဘီဒူးအုပ်ဝတ်ထားတဲ့ ရိပေါ်က ကလေးလေးလိုပါပဲ...ဆံပင်တွေကိုသေချာဆွဲယူလို့ pony tailလေးစည်းပေးလိုက်တယ်..
ညှပ်ဖို့နှမြောပေမယ့်လဲ ရိပေါ်ကသပ်သပ်ရပ်ရပ်မနေတတ်ဘူး....အမြဲရှုပ်ပွနေတာ..."လူကြားထဲရောက်ရင် အမြီးမထုတ်ရဘူးနော်!နားရွက်ကိုလဲသေချာသိမ်း....ထိုးထောင်နေရင်ဆံပင်ညှပ်တဲ့အခါပါသွားမှာ..."
"ဟုတ် ကောကော...."
ရှောင်းကျန့်ဘာပြောပြော ဟုတ် နေတာပဲ..ပြီးမှတလွဲတွေချည်းလုပ်တာ...ပန်းချီလာသင်တဲ့ကလေးတွေကို အမြီးထုတ်ပြလိုက်လို့ ကလေးတွေမှာအော်ပြီး ထွက်ပြေးတဲ့သူကပြေးနဲ့...သတိလစ်သွားတဲ့သူက လစ်နဲ့ ...။

YOU ARE READING
My Racoon !
Fanfictionနူးနူးညံ့ညံ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ကြည့်ကြမလား ? Wang Yibo x Xiao Zhan