5

11.2K 1.1K 87
                                    

Unicode

"ရိပေါ် ဒါယူသွားလိုက် ကောဖုန်းဆက်မယ်"

ရှောင်းကျန့်သူ့ဖုန်းကို ရိပေါ်နဲ့ပေးလိုက်ပြီး သူကတော့ ဖုန်းအသစ်ဝယ်ရမည်။

"ကောကို  ဖက်ပါဦး "

လှစ်ခနဲပြေးဖက်လာတဲ့ ကိုယ်သေးသေးကိုဖျစ်ညှစ်ပစ်ပြီး ဂုတ်သားလေးကိုနမ်းလိုက်သည်။

"သား ညနေကျပြန်လာမှာ...စောင့်နေနော် ကော "

ရာကွန်းအသွင်ပြောင်းလိုက်ပြီးပြေးထွက်သွားတဲ့ ရိပေါ်ကိုတစ်ဆုံးကြည့်ပြီးသည့်နောက် ကားလေးမောင်းကာထွက်လာခဲ့တော့သည်။

ရုံးရောက်တာန​ဲ့ အလုပ်တွေကရှောင်းကျန့်ကိုတန်းစီစောင့်နေကြတာ....အိမ်ပြန်သွားတဲ့ လုံးလုံးကိုတောင် သတိမရနိုင်အား...

                          🔹🔹🔹

"မေမေ...."

မီးဖိုခန်းထဲကနေ ရယ်မောနေကြတဲ့ အသံတွေကိုရိပေါ်ကြားနေရသည်။ဖေဖေ့အကြိုက်ဆုံး အာလူးစွပ်ပြုတ်ဟင်းချိုကို ပြုတ်ပေးနေတာဖြစ်ရင်ဖြစ်လောက်မယ်။
ဒါမှမဟုတ် ဖက်ထုပ်ကြော်လဲဖြစ်နိုင်လောက်သည်။

အေပရွန်ဝတ်ပြီးရယ်မောနေတဲ့ ဖေဖေ့ပုံစံက သူ့နှလုံးအိမ်ထိပါပျော်ရွှင်စေတယ်။ဒီထက်စောစောပြန်ခဲ့သင့်တာ မေမေရယ်.....

အားဖြည့်နွားနို့မှုန်ဗူးတွေကို ခုံပေါ်ချထားလိုက်ပြီး ဧည့်ခန်းထဲပဲထိုင်နေရင်ကောင်းမလား...ဖေဖေတို့ဆီပဲဝင်သွားရင်ကောင်းမလား ဝေခွဲမရဖြစ်နေသည်။

"သား လာတယ်...မေမေ.."

မီးဖိုခန်းထဲကမေမေက လက်ကိုဆန့်တန်းပေးတယ်။ရိပေါ် ပြေးဖက်မိတာပဲ...မေမေ့ရင်ခွင်ကနွေးထွေးလိုက်တာ...ဖေဖေကပါ သူတို့နှစ်ယောက်ကို ပိုက်ထွေးလို့....

"စွပ်ပြုတ်လုပ်ထားတယ် သားလဲကြိုက်တယ်ဆို...."

"ဟုတ် ကြိုက်တယ်..."

မိသားစု၃ယောက်ရဲ့ ပထမဆုံးထမင်းစားဝိုင်းသည် မေမေ့စကားသံတွေနဲ့ဖေဖေရယ်မောသံတွေ ရောယှက်လို့....

"သားငယ်လေးက ဘာပုံစံပြောင်းနိုင်လဲ..."

ရိပေါ် နားရွက်နဲ့အမြီးကိုထုတ်ပြလိုက်တယ်။မေမေက သဘောတကျကြည့်ပြီး အနားကိုလာထိုင်ခိုင်းတယ်။ အမြီးလေးကိုတဖွဖွပွတ်ပေးနေတာမို့ ယားချင်သလိုလိုတောင်ဖြစ်သွားရတယ်။

My Racoon !Where stories live. Discover now