Unicode
'ရှောင်းကျန့်ရဲ့ သစ်ပင်လေး'
ကောရဲ့ အရိုးပြာအိုးကို ခြံထဲက ကောအကြိုက်ဆုံး သစ်ပင်အောက်မှာ မြှုပ်ထားတယ်။
ရိပေါ်နေ့တိုင်းသန့်ရှင်းရေးလုပ်ဖြစ်တယ်။ဖေဖေ့ဆီလဲ အားရင်အားသလိုသွားလည်တယ်။
တစ်ယောက်တည်း နှစ်တွေအကြာကြီးရှင်သန်ရဖို့တွေးမိပြန်တော့ သိပ်မပျော်ဘူး...
ရိပေါ်ဆံပင်တွေအရှည်မထားတော့ဘူး...
ဖြီးပေးမယ့် တစ်စုံတစ်ယောက်မရှိတော့ဘူးလေ...ရှောင်းကျန့်ဆိုတဲ့ နာမည်နဲ့နေထိုင်လာတာ ၁၀နှစ်လောက်ရှိတော့မယ်။
လူတကာနဲ့မိတ်ဆက်တိုင်း သူ့ကိုယ်သူရှောင်းကျန့်ပါဆိုပြီးပဲ ပြောတယ်။
တစ်ခါတစ်ရံ ဘောပင်နဲ့နှုတ်ခမ်းအောက်နား တို့ထိလိုက်ပြီး မှန်ရှေ့ထိုင်နေတတ်တယ်။အခန်းနံရံတွေမှာ သူဆွဲထားတဲ့ကောရဲ့ ပုံတူပန်းချီတွေရှိတယ်။ပန်းချီစာအုပ်လေးမှာတော့ စာရွက်အဖြူတွေမကျန်တော့ဘူး။
"ဖေဖေ!! ဘယ်တော့လောက်မှ သူ့ကိုပြန်တွေ့နိုင်မလဲဟင်.."
"အချိန်တစ်ခုထိ သံသရာစက်ဝိုင်းကျင်လည်ပြီးရင်ပေါ့..."
"သားရော သေလိုက်လို့ရဘူးလား.."
"သား!!! "
ဖေဖေ့စိုးရိမ်တကြီးအော်သံကြောင့် သူ့ရင်ထဲနွေးသွားတယ်။ သူ့မှာဖေဖေရှိနေသေးတယ်။
"သားဒီတိုင်းပဲပြောလိုက်တာပါ...ဒီမျိူးနွယ်မှာလာမွေးဖွားရတဲ့ ဝဋ်ကြွေးပဲပေါ့.."
သားအဖနှစ်ယောက်ရဲ့ စကားသံတွေကတိတ်ဆိတ်သွားပြန်တယ်။ ရိပေါ်လက်ထဲမှာတော့ ပန်းချီစာအုပ်လေးနဲ့...
🌿
"လွမ်းလိုက်တာ ကောရယ်..."
သစ်ပင်လေးကိုရေလောင်းပေးနေရင်း ငြီးငြူလိုက်တယ်။ကောက အိပ်မက်ထဲတောင်အလည်မလာဘူး..
"ကော သိလား..ကျတော်နဲ့ဆော့ခဲ့ဖူးတဲ့ ကလေးတွေထဲက ယွဲ့ယွဲလေ..သူ အသည်းကင်ဆာနောက်ဆုံးအဆင့်တဲ့...သိပ်မကြာခင် ကောနောက်ကိုလိုက်လာတော့မယ်ထင်တယ်။ "
"ကော ချစ်တယ်။ "
ရေလောင်းတာကိုလက်စသပ်ပြီး အိမ်ထဲပြန်ဝင်လာလိုက်တယ်။သူနဲ့ဆော့ခဲ့ဖူးတဲ့ ကလေးတွေထဲက တော်တော်များများလဲ လူ့လောကထဲကနေထွက်ခွာသွားကြပြီ။

ESTÁS LEYENDO
My Racoon !
Fanfictionနူးနူးညံ့ညံ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ကြည့်ကြမလား ? Wang Yibo x Xiao Zhan