Unicode
"လုံးလုံးကို ကောပြောစရာရှိတယ်...."
အရုပ်လေးတွေနဲ့ ထိုင်ဆော့နေတဲ့ရိပေါ်က ရှောင်းကျန့်ကိုမော့ကြည့်လာတယ်..
"ကောတို့အိမ်ပြောင်းကြမယ်လေ..."
"ဟမ် ....ကလေးတွေေရောလိုက်ပြောင်းမှာလား ကော"
ပန်းချီလာသင်တဲ့ကလေးတွေနဲ့ ရိပေါ်က ကစားဖော်ကစားဖက်တွေဖြစ်နေကြပြီ...ကလေးတွေကိုလဲ မနေ့ကတည်းက ပန်းချီမသင်ပေးနိုင်တော့တဲ့အကြောင်းပြောလိုက်လို့ ငိုကြတာ ရိပေါ်ပါတရှုံရှုံလိုက်ငိုသေး...
"ကလေးတွေကတော့ မပါဘူး...ကောကောနဲ့လုံးလုံးပဲလေ....လိုက်မယ်မလား "
ရိပေါ်ကရာကွန်းအသွင်ပြောင်းပြီး အပြင်ကိုပြေးထွက်သွားတော့သည်။
ဒါ လုံးလုံးရဲ့အဖြေပေါ့......
ရှောင်းကျန့်ပါးပြင်ပေါ် မျက်ရည်တစ်စက်ဟာလိမ့်ဆင်းလို့.....
✨
ဒီနေ့က လုံးလုံးပြန်မလာတာ ၃ရက်မြောက်နေ့...
အထုပ်ပိုးတွေသိမ်းဆည်းပြီးလို့ ရှောင်းကျန့်သစ်ပင်ရိပ်တွင်ထိုင်နေသည်။ဒီသစ်ပင်ကြီးပေါ်ကနေ လုံးလုံးပြုတ်ကျလာတာ...တစ်ကိုယ်တည်းသမားဘဝထဲ ဖိတ်ခေါ်ခြင်းမရှိပါပဲ လုံးလုံးလေးက ဝင်လာခဲ့တယ်။
သူ့ဘဝအချိူးအကွေ့ကိုဖြစ်စေမယ့်ဆုံးဖြတ်ချက်ကိုလဲ လုံးလုံးကြောင့်ချခဲ့တာ...မက်မောခြင်းမရှိခဲ့တဲ့ ကုမ္ပဏီကိုအပိုင်ပြန်လိုချင်မိတဲ့အထိ....
ဒီလိုမျိူး လုံးလုံးကသာထွက်သွားမယ်ဆို သူဘာကြောင့်ပေကျင်းကိုသွားနေရဦးမှာလဲ..
အရင်လိုမျိူး ဒီအိမ်လေးမှာပဲ ကလေးတွေကိုပုံဆွဲသင်ပေးရင်းနေတော့မှာပေါ့..."လုံးလုံး..."
သူလုံးလုံးကိုသိပ်လွမ်းသည်။ ဟင့်အင်း အမြီးလေးတရမ်းရမ်းနဲ့ ကောရေ လို့ခေါ်တတ်တဲ့ရိပေါ်ကိုပိုလွမ်းတာ...
မျက်ရည်တွေကိုလဲမတားနိုင်တော့...."ကော!!! "
ခေါင်းကိုငုံ့ငိုနေရင်း ခြံပေါက်ဝဆီကနေ အော်သံလေး..အလန့်တကြား လှမ်းကြည့်လိုက်တဲ့အခါ
အတူနေတဲ့၃လအတွင်း တစ်ခါမှမမြင်ဖူးခဲ့တဲ့ မျက်နှာအမူအရာနဲ့ ရိပေါ်ကမတ်တပ်ရပ်နေသည်။
YOU ARE READING
My Racoon !
Fanfictionနူးနူးညံ့ညံ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ကြည့်ကြမလား ? Wang Yibo x Xiao Zhan