4

10.6K 1.2K 30
                                    

Unicode

"လုံးကလေး ကော ရေခဲသေတ္တာထဲအကုန်ထည့်ပေးထားခဲ့တယ်..ဗိုက်ဆာရင် ထုတ်စားနော်..
ခြံထဲပဲဆင်း..အဝေးကြီးတွေမသွားရဘူး...ဟုတ်ပြီလား"

ရုံးစတက်ရမယ့်နေ့တွင်တော့ ရှောင်းကျန့်ခမျာ ရိပေါ်ကိုတတွတ်တွတ်မှာကြားနေရတာ...ရိပေါ်ကိုတကယ်စိတ်မချဘူး....အပြင်တွေလျှောက်သွားပြီး လမ်းတွေပျောက်နေမှာလဲပူရသေး

"ဟုတ် ကော..."

ရိပေါ်ကကားနားထိလိုက်လာပြီး သူ့ကိုလိုက်ပို့သည်။
ကားပေါ်တက်ခါနီးကျ ရှောင်းကျန့်ပါးပြင်ကိုနမ်းကာ လှစ်ခနဲ အိမ်ထဲပြေးဝင်သွားတော့တယ်။
ရှောင်းကျန့်ရင်ထဲ ရေတံခွန်လေးစီးဆင်းသွားသလို...

"လုံးလုံး ကောသွားပြီ..."

ပြတင်းပေါက်ကနေချောင်းကြည့်နေမယ့် ရိပေါ်ကြားအောင်အော်ပြောလိုက်ပြီးသည့်နောက် ရှောင်းကျန့် ရုံးဆီသို့မောင်းလာခဲ့တော့သည်။

ရှောင်းကျန့်ရဲ့ ပထမဆုံးရုံးတက်ရက်က နည်းနည်းတော့စိတ်ဒုက္ခရောက်ရသည်။ ကုမ္ပဏီအတွင်းလှိုက်စားနေတဲ့လာဘ်ယူမှုတွေ..ဝန်ထမ်းတွေကိုဖိနှိပ်ထားမှုတွေ စသဖြင့် သူကိုင်တွယ်စရာတွေကအများကြီး...

"လုံးလုံးကြောင့်ပဲဖြစ်ဖြစ် အားတင်းထား ရှောင်းကျန့်ရေ..."

ကိုယ့်ကိုယ်ကို အားတင်းစကားပြောပြီးနောက် ဖိုင်တွဲတွေကိုကိုင်လိုက်တော့၏။

                   🔹🔹🔹

ကောဝယ်ပေးထားတဲ့ ဂိမ်းစက်လေးလဲ ဆော့ရတာကြာတော့ပျင်းလာပြီ...ရေခဲသေတ္တာဖွင့်လို့ ကောပြင်ဆင်ပေးခဲ့တဲ့ မုန့်တွေရော အအေးတွေရော တစ်ထိုင်တည်း စားပြီးနောက် ဗိုက်မှောက်နေလေရဲ့..

တကယ်တော့ ရိပေါ်က ခွန်အားအပြည့်နဲ့ယောကျာ်းသားဆိုပေမယ့် ကောရှေ့ရောက်ရင်တော့ လက်သည်းတောင်မထုတ်တတ်တဲ့ ရာကွန်းလေးဖြစ်သွားတတ်သည်။

အိပ်ခန်းတံခါးဖွင့်လိုက်ပြီး ဘီဒိုထဲကအဝတ်တွေကရတဲ့ ကောရဲ့ကိုယ်သင်းရနံ့လေးကိုရှူရှိုက်လိုက်သည်။
နားရွက်နဲ့ အမြီးတွေကလဲထွက်လာလို့...

My Racoon !Where stories live. Discover now