အပိုင်း(၁၀၀)ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်း
"ကိစ္စမရှိဘူး...ကောင်းကင်ဘုံက ငါ့အသက်ကို လိုချင်နေရင် ငါ့မှာ ရွေးစရာ မရှိဘူး"
ကျန်းရီသည် သူ့ဟာသူ ရေရွတ်လိုက်ပြီး ထပ်မံတွေးတော မနေတော့ပေ။ သူသည် ချမ်ဝမ်ကွမ်ကို ကြည့်ကာ မေးလိုက်သည်။
"ဒုတိယတစ်ခုက ဘာလဲ?"
ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ တည်ငြိမ်မှုကို တိတ်တဆိတ် ချီးကျူးလိုက်သည်။ သူ့ကို လူအများက သတ်ရန်ကြိုးစားနေသည်ကို သိလိုက်ရလျှင် လူတိုင်းသည် တုန်လှုပ်ခြောက်ခြားသွားကြမည်သာ...သို့သော် ကျန်းရီသည် အခြားလူများနှင့် မတူပေ...ထိုလူမျိုးက ရှားပါးလှသည်။
သူသည် ခဏလောက် ရပ်တန့်လိုက်ပြီး ဆက်ပြောလာခဲ့သည်။
"နဂါးတစ်သောင်းတောင်ကြားက ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက နောက်တစ်လလောက်နေရင် ဖွင်တော့မယ်...ကျောင်းရဲ့ ဒုတိယအကြိမ်မြောက် သွေးရှင်းတမ်းကို အဲ့မှာ ကျင်းပမယ်လို့ ကျွန်တော်ထင်တယ်...ဘာပဲဖြစ်ဖြစ် ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက နှစ်ပေါင်းငါးဆယ်ကြာမှ တစ်ခါဖွင့်တာ ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ..."
" ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်း?...အဲ့ဒါက ဘာလဲ?"
ကျန်းရီသည် မျက်မှောင်ကျုံ့လိုက်သည်။ 'ကောင်းကင်ဧကရာဇ်'ဟူသော ဘွဲ့မျိုးသည် သတ်ဖြတ်ခြင်းဧကရာဇ်ကဲ့သို့သော ပြိုင်ဘက်ကင်း ဆရာသခင်များကိုသာ ပေးလေ့ရှိသည်။ ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်းသည် ဂုဏ်အဆင့်အတန်းမြင့်သော နေရာတစ်ခုဖြစ်သည်။ ဘယ်သူက အဲ့တာကို မလေးမစားလုပ်ရဲမှာလဲ?...သင်တန်းကျောင်းက ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာ ဘာလို့ သွေးရှင်းတမ်းပြိုင်ပွဲ ကျင်းပမှာလဲ?
"အစ်ကိုကြီး...မင်းက အဲ့ဒါကို မသိဘူး"
ချမ်ဝမ်ကွမ်သည် ရှင်းပြလာခဲ့သည်။
"ဒီနဂါးတစ်သောင်းတောင်ကြား၊ ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက ထူးခြားတဲ့နေရာ တစ်ခုပဲ...အဲ့ဒါက ရှန်ဝူနိုင်ငံ၊ ရှားနိုင်ငံနဲ့ ရှန့်လင်နိုင်ငံ သုံးနိုင်ငံရဲ့ နယ်စပ်မှာ ရှိတယ်... အဲ့ဒီနေရာက နိုင်ငံသုံးခုလုံးရဲ့ နယ်နိမိတ်ထဲမှာ မပါဝင်ဘူး...နဂါးတစ်သောင်းကောင်းကင်ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းကျော်က အရှင်သခင် တစ်ပါးပဲ...သူက လက်နက်တွေကို နှစ်သက်တယ်...သူအသက်ရှင်စဉ်က နယ်မြေတစ်ခုလုံးရဲ့ လက်နက်တွေ၊ ကျင့်စဉ်တွေ တစ်ဝက်လောက်ကို လုယူခဲ့တယ်.."
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၈မှ ၁၀)
Hành độngကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ၏ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း မယံ...