အပိုင်း(၁၀၄)မင်းအသက်ရှင်ရမယ်
"ဘန်း!"
တစ်ဖက်တွင် ကျန်းရိလျှိုသည် ရထားလုံးအတွင်းတွင် ထိုင်၍ သူ့ဂိုဏ်းသားများထံမှ သတင်းကို နားထောင်နေခဲ့သည်။ သူသည် ဒေါသတကြီးနှင့် အဖိုးတန်ကြွေခွက်ကို ချက်ချင်းပေါက်ခွဲလိုက်သည်။ နာကျည်းသော မျက်လုံးများနှင့် သူသည် အံကို တင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။
"စုလောရွှယ်...မိန်းမပျက်မ....ဒီမင်းသားက မျိုးမစစ်ကောင် ကျန်းရီထက် ဘယ်လိုများ ပိုမသာလို့လဲ?...မင်းက သူ့နောက်ကို လိုက်သွားတယ်...မိန်းမပျက်မ!!"
"ရိလျှို!"
ရထားလုံး၏ အပြင်ဘက်မှ အသံတစ်ခုသည် ကျန်းရိလျှိုကို မှင်သက်သွားစေသည်။ အနက်ရောင်ပုံရိပ်သည် ခန်းဆီးစကို ဆွဲဖွင့်ကာ ဝင်လာခဲ့သည်။ သူသည် ကျန်းရိလျှိုကို လေးနက်စွာ ကြည့်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"ဒီနယ်မြေအတွင်းမှာ စိတ်ဝိဥာဉ်မျောလွင့် ခရီးသည်အဆင့် သုံးယောက်ရှိတယ်...မင်းပိုပြီး သတိထားနေလို့မရဘူးလား?...ကျောင်းအုပ်ချီသာ ကြားသွားရင် အကျိုးဆက်ကို မင်းသိမှာပါ..."
ကျန်းရိလျှိုသည် တုန်လှုပ်သွားကာ သတိဝင်လာခဲ့သည်။ သူသည် ခန်းဆီးစကို အမြန်ဖွင့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထို့နောက် အသံကိုနှိမ့်ကာ မေးလိုက်သည်။
"ဝူကျိ...အစီအစဉ်က ဘယ်လိုလဲ?"
ကျန်းစွန်းဝူကျိသည် လှောင်ပြုံးတစ်ခုနှင့် ရယ်ချလိုက်သည်။
"ငါက ဒါကို ကိုင်တွယ်မယ်ဆိုတာကို မင်းက စိတ်ပူနေတာလား?...မစိုးရိမ်နဲ့...သုံးရက်ကြာရင် ပွဲကြည့်ဖို့သာ ပြင်ထား"
ကျန်းရိလျှိုသည် ခေါင်းငြိမ့်လိုက်သည်။ ကျန်းစွန်းဝူကျိသည် အလုပ်တစ်ခုကို အမြဲသေသေသပ်သပ် လုပ်လေ့ရှိသည်။ သူသာ ကိုင်တွယ်ဖြေရှင်းလျှင် ပြဿနာ ဖြစ်စရာ အကြောင်းမရှိပေ။ သို့သော် သူသည် ခဏလောက်တုံ့ဆိုင်းနေခဲ့ပြီး မေးမြန်းလိုက်သည်။
"ဒီတစ်ခါမှာ ဒုကျောင်းအုပ်သုံးယောက်က ငါတို့ကို စောင့်ကြည့်နေတယ်...ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်နဲ့ စုလောရွှယ်တို့ကလည်း အဲ့ဒီမျိုးမစစ်ကောင် ကျန်းရီနဲ့ အတူရှိနေတယ်...အားလုံးက လွဲချော်သွားလို့ မဖြစ်ဘူး"
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၈မှ ၁၀)
Боевикကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ၏ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း မယံ...