အပိုင်း(၁၂၃)ကိုယ်တစ်ပိုင်းသေခြင်း
ကျောက်တုံးငယ်သည် မီးတောက်များ တောက်လောင်နေဆဲဖြစ်ကာ ကြမ်းပြင်၏ အောက်ဘက်သို့ ဆက်လက်လောင်ကျွမ်းသွားသည်။ မီးတောက်စိမ်းများ ထိသွားသော ကျောက်သားများသည် ဘာမှမကျန်အောင် လောင်ကျွမ်းခံရလေသည်။ မီးတောက်များသည် အဘယ်မျှ ကြောက်စရာကောင်းကြောင်း ထင်ရှားနေသည်။
အချိန်အနည်းငယ် ကြားသွားသည့်အခါ ကျောက်တုံးပေါ်မှ မီးတောက်များသည် ဖြည်းဖြည်းချင်း ငြိမ်းသွားခဲ့ပြီး ကျောက်တုံးသည်လည်း အမှုန့်ဖြစ်သွားခဲ့သည်။ ကြမ်းပြင်ပေါ်ရှိ အပေါက်သည်လည်း ခေါင်းတစ်လုံးစာခန့် အကျယ်ရှိ၍ ငါးပေ၊ခြောက်ပေခန့် နက်လေသည်။
ကျန်းရီသည် အံ့အားသင့်နေခဲ့သည်။ အနီရောင် ပုလဲမှ ထွက်ပေါ်လာသော စွမ်းအင်က သူ့ကိုယ်ကို အေးစေ၍သာ တော်သေးသည်။ မဟုတ်လျှင် သူသည်လည်း အပူရှိန်ကြောင့် လောင်ကျွမ်းသွားရပေလိမ့်မည်။
"ဒါက ရှေးဟောင်းနတ်ဘုရား လက်စွပ်လို ပစ္စည်းသိမ်းလို့ရတဲ့ ရတနာပဲ!...ဒါပေမယ့် ဒီပုလဲနီထဲက ကျောက်တုံးအပိုင်းအစတွေက ဘယ်လိုရတနာ အမျိုးအစားလဲ?...ဒါက တကယ်ကြီး ကောင်းကင်ဧကရာဇ် ထားခဲ့တဲ့ တားမြစ်အစီအရင်တွေကိုတောင် လောင်ကျွမ်းနိုင်တယ်လား?"
ကျန်းရီသည် အချိန်အတော်ကြာအောင် မှင်သက်နေမိပြီး သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ပေ။ အပေါက်ငယ်လေးကို ကြည့်ရင်း သူ့မျက်နှာထက်တွင် အပြုံးတို့က ဖြစ်တည်လာခဲ့သည်။ သူသာမမှားလျှင် ဤအုတ်ဂူကြီးသည် လေထုအလယ်တွင် လွင့်မျောနေသော ရွှေရောင်စေတီကြီး ဖြစ်ရပေမည်။ သူသာ ဤကြမ်းပြင်ကို လောင်ကျွမ်းအောင် လုပ်နိုင်လျှင် ဤနေရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။
"ဟုတ်တယ်...ဒီပုလဲက ပိုင်ရှင်ကို မှတ်မိတယ်ဆိုမှတော့ သူ့သခင်ကို သူ့အစွမ်းနဲ့ ကာကွယ်နေတာပဲ...ဒါမှာ ဝိဥာဉ်ရှိတယ်ဆိုတော့ ငါဒါကို မီးဝိဥာဉ်ပုလဲလို့ နာမည်ပေးမယ်...ဒီကြောက်စရာကောင်းတဲ့ ကျောက်တုံးလေးတွေကိုတော့ မီးဝိဥာဉ်ကျောက်တုံးလို့ ခေါ်မယ်!"
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၈မှ ၁၀)
Aksiyonကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ၏ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း မယံ...