<Zawgyi Version>
Translator - No_Coz
သူမ ပြန်ဝင်စားလာသည်။
သူမ အသက် ၂၀ အရွယ်မှာ သေဆုံးခဲ့ရသည်။ မဟုတ်သေး၊ အသက်ခံခဲ့ရသည်။
လူသတ်သမားက သူမကို လူလယ်ခေါင်အများမြင်ကွင်းမှာပဲ လမ်းပေါ်တွန်းချခဲ့ခြင်း။ သို့သော် ထိုသူများအနက်က --ူသူမ လေးစားရသော ဖခင်က လူသတ်တရားခံကို ပြောခဲ့သည်။ "သမီး စိတ်ထဲ သိပ်ထားမနေနဲ့... ဒါ သမီး အမှားမှ မဟုတ်တာ..."
သူမ၏ ကြင်နာတတ်သော မွေးမိခင်က ဆိုခဲ့သည်။ "မစိုးရိမ်ပါနဲ့ သမီး... အမေ့မှာ သမီး ရှိသေးတာပဲ... သမီးက အမေ့ သမီးအရင်းထက်ကို သာတယ်..."
သူမ၏ ချစ်လှစွာသော မောင်ငယ်လေးက လူသတ်တရားခံကို ပြောခဲ့၏။ "ကျစ်... ဒီလိုမိန်းမမျိုး အစောကြီးကတည်းက သေသွားရမှာ... သူရှိနေတာ ကျတော့်ကို အရှက်ရစေတယ်..."
သူမ ချစ်ရသူက ထိုမိန်းမကို ပြောခဲ့သည်။ "အစကတည်းက ကိုယ် ချစ်ခဲ့သူက မင်းတစ်ယောက်တည်းပါ. . ."တဲ့။
လူသတ်တရားခံမှာ နှလုံးသားထိ ထိရှသွား၍ ပီတိဖြာကာ မျက်ရည်ပင်ကျသွားသေးသည်။ ဤကမ္ဘာလောကမှာ တစ်ပွင့်တည်းကျန်သော ကြာပန်းဖြူ ကလေးအလား။ မည်သူကမှ သူမ၏ ရက်စက်ကောက်ကျစ်သော အပြုံးကို မမြင်လိုက်ကြ။
သို့အတွက်ကြောင့် --
အရာအားလုံး အစမူလကို ပြန်ရောက်သွားသောအခါ၊ သူမ အရာရာကို ပြန်ရယူမည်။ ထိုမိန်းမကို နှစ်ဆ ပြန်ပေးဆပ်စေရမည်ဟု ကျိန်ဆို သစ္စာပြုခဲ့သည်။ သူမ လူသတ်ခဲ့လျင်လည်း အားလုံးက ဝိုင်းဝန်းနှင့်သိမ့်ပေးတာခံရမည့် မင်းသမီးလေးတစ်ပါးလိုမျိုး သူမလည်း နေချင်မိသည်ပဲ။ သူမထံမှ အရာရာခိုးယူသွားခဲ့သူကို အရိုးအသားအသွေးအသည်းထဲထိ စိမ့်မည့် ဝေဒနာမျိုး ခံစားကြည့်စေချင်သည်။
//
သူ သူမကို မချစ်မိသေးခင်က သူ တည်ငြိမ်စွာ ဆိုခဲ့ဖူးသည်။ "ငါ သူ့ဆီက ဒုစရိုက်မှု အနံ့အသက်တွေရတယ်..."
YOU ARE READING
နှလုံးသွေးနက်နက် 《နှလုံးသှနေကျနကျ》
Mystery / Thrillerသူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံးခဲ့ရသည်။ မဟုတ်သေး၊ အသတ်ခံခဲ့ရသည်။ လူသတ်သမားက သူမကို လူလယ်ခေါင်အများမြင်ကွင်းမှာပဲ လမ်းပေါ်တွန်းချခဲ့ခြင်း။ သို့သော် ထိုသူမ် ားအနက္က -- သူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံ...