Zawgyi
မုရုလန်ဟာမော့ချီရန်ထွက်သွားပြီးနောက်ခန်းဆီးကိုမတင်လျက်သူ၏ကျောပြင်ကိုစိုက်ကြည့်နေလိုက်၏။
သူမနှုတ်ခမ်းထောင့်လေးကွေးညွတ်လျက်ပေါ့။
သူမခန်းဆီးကိုချလိုက်ပြီးဆိုဖာနားကိုသွားကာသူမ၏အနက်ရောင်အိတ်ကိုယူလျက်ဇစ်ဖွင့်လိုက်သည်။
သူမအိတ်ထဲကိုလက်ထည့်ကာ ဂွမ်းလုံးထည့်ထားသောအိတ်နှင့်ဖော်မလင်ပုလင်းကို လော်လီပေါ့ချောင်းလေးများထုတ်ယူခဲ့သောနေရာမှပင်ထုတ်ယူလိုက်သည်။သူမလှေကားကိုတစ်ထစ်ချင်းဖြေးဖြေးချင်းတက်၏။
သူမစိတ်ပျော်နေသည်။
သူမသံစဉ်လေးတွေညဉ်းနေမိသည်။
သူမ၏သံစဉ်များမှာတောင်စဉ်ရေမရဖြစ်ပေသိနားဝင်ချိုလှသည်။တတိယထပ်၏အတွင်းအကျဆုံးအခန်းဆီမှအသံများထပ်ထွက်မလာတော့ပေ။
လောင်စာကုန်ခမ်းသွားသည်ထင်ရ၏။
မုရုလန် မီးဖွင့်လိုက်သောအခါရှေးဟောင်တော်ဝင်မိသားစုတို့အသုံးပြုခဲ့ကြသောအနီရင့်ရောင်ဘီရိုကြီးမှာမီးရောင်အောက်တွင်တခန်းတနားတည်ရှိနေသည်။သူမဘီရိုကြီး၏အလည်တံခါးကိုဖွင့်နေတုန်းမှာပင်ဖုန်းဝင်လာသည်။
သူမဘီရိုကြီးအားကျောပေးလျက်ပင်ဖုန်းကိုဖြေလိုက်၏။
တစ်ဖက်လူမှာ မုရုစန်းပင်။သူတစ်ယောက်စိတ်လောနေသည့်နှယ်။
"မမ! မမဘယ်မှာလဲ? ဘာလို့အိမ်မှာမရှိတာလဲ?"
မုရုလန် ပြုံးလိုက်သည်။
သူမအပြုံးကနေရောင်လိုနွေး၏။"ဘာဖြစ်လို့လဲ?"
"ရဲတွေ ကျွန်တော်တို့အိမ်ရောက်လာတယ်..
သူတို့ လင်း ကို ကျင်းမိုလီ ပျောက်တဲ့ကိစ္စမှာသံသယရှိတယ်တဲ့..
ဒေါသတွေထွက်လွန်းလို့ပါဗျာ!"မုရုလန် ဖုန်းပြောပြီးသည်နှင့်သူမနောက်ကျောဆီမှတံခါးပေါက်မှာပွင့်လာခဲ့၏။
ဘီရို ထဲတွင်တော့မိန်းကလေးတစ်ယောက်။
သူမ ခေါင်းမှာငိုက်စိုက်ကျလျက် သူမ၏ရွှေဝါရောင်ဆံပင်များမှာရှူပ်ပွနေ၍မျက်နှာကိုပင်ဖုံးကွယ်နေသည်။
သူမ၏လက်နှစ်ဘက်အားသူမပုခုံးနှင့်တစ်တန်းတည်းဖြစ်အောင်ချိတ်ဆွဲထားသည်။
သူမ ၉၀ ဒီဂရီ ထောင့်ကျိုးကာငိုက်စိုက်ကျနေ၏။
သူမ၏ခြေထောက်များ၌ဖန်ရေစိမ်ကြိုးဆီမှ ရှရာများပင်ရှိနေ၍သူမအားရုပ်သေးရုပ်တစ်ရုပ်သဖွယ်မြင်တွေ့ရသည်။
YOU ARE READING
နှလုံးသွေးနက်နက် 《နှလုံးသှနေကျနကျ》
Mystery / Thrillerသူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံးခဲ့ရသည်။ မဟုတ်သေး၊ အသတ်ခံခဲ့ရသည်။ လူသတ်သမားက သူမကို လူလယ်ခေါင်အများမြင်ကွင်းမှာပဲ လမ်းပေါ်တွန်းချခဲ့ခြင်း။ သို့သော် ထိုသူမ် ားအနက္က -- သူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံ...