<Zawgyi Version>
Translator - No_Coz
ကျောင်းဆင်းတော့ အခွင့်အရေးယူပြီး မုရုလန် ရုံးခန်းထဲ လာအောင်းနေတဲ့ အမွှာနှစ်ယောက်လည်း အိမ်ပြန်နှင့်ဖို့ အပြောခံလိုက်ရလေသည်။ သူမ အလုပ်များ လက်စသတ်ပြီးတော့ ညနေ လေးနာရီပင် ကျော်သွားချေ ပြီ။
လျူ စစ်လန်ကျောင်းတော်ကြီးမှာ ပြည်ပနိုင်ငံများကဲ့သို့ ပညာရေးစနစ်ကို ကျင့်သုံးထားပြီး မွန်းလွဲ ၃ နာရီ ခွဲလျင် အတန်းချိန်များပြီး ဆုံးသွားပြီဖြစ်သည်။ ကျန်အချိန်များတွင်တော့ ကျောင်းသားများကို အဖွဲ့အစည်းများ၊ အသင်းများ၊ ကလပ်များတွင် ပါဝင်လှုပ်ရှား ကစားနိုင်ရန် အချိန်ပေးထားလေသည်။ သို့သော် ကျောင်း၏ စုံညီပွဲတော် နီးကပ်လာပြီဖြစ်သဖြင့် အတန်းချိန်အများစုကို ပယ်ဖျ က်ပေးထားလေသည်။ အသင်းအဖွဲ့များ၌ ပါဝင်လှုပ်ရှားနိုင်သည်ဆိုတာကလည်း မိမိ ဆန္ဒအလျောက်သာ ဖြစ်သောကြောင့် ကျောင်းသားအများစုက ကျောင်းပြင်ပမှာသာ လည်ပတ်ကစားနေတတ်သည်။ ထို့ကြောင့် ခါတိုင်းနှင့်စာလျင် ကျောင်းဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေတော့၏။ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များသာ ကျောင်းပွဲအတွက် ပြင်ဆင် အလုပ်လုပ်ရင်း ကျန်နေခဲ့တတ်သည်။
မုရုလန် ဥက္ကဌရုံးခန်းတံခါးကို သေချာသော့ပိတ်ခဲ့ကာ ကျောင်းသားသမဂ္ဂအဆောင်မှ ထွက်လာလိုက်သည်။ သူမ ဘတ်စ်ကတ်ဘော ကစားကွင်းနားက ဖြတ်သွားတော့ လူငယ်တစ်ယောက် သူမအနား ချ ဉ်းကပ်လာသည်။ သူက ဘတ်စ်ကတ်ဘောတစ်လုံးကို ချိုင်းကြားညှပ်ကိုင်ထား၏။ ဆံပင်များက ရှုပ်ပွနေပြီး အဖြူ ရောင် အားကစားဝတ်စုံမှာ ချွေးများ ရွှဲရွှဲစိုနေလေသည်။ အသားက ခပ်ညိုညို၊ ထောင်မောင်းသန်မာသော သူ့ကိုယ်ထည်ကို မြင်ရုံမျှနှင့်၊ သူသည် တက်ကြွသွက်လက်သော လူငယ်တစ်ယောက်ဖြစ်မည်ဟု ခန့်မှန်း သိနိုင်ပေမည်။ သို့သော် သေချာဂရုတ်စိုက် အကဲခတ်ပါက၊ ဆံမြိတ်စအနည်းငယ်အောက်မှ သူ့မျက်ဝန်းများ အေးစက်စူးရှနေတတ်သည်ကို တွေ့နိုင်ပါလိမ့်မည်။
KAMU SEDANG MEMBACA
နှလုံးသွေးနက်နက် 《နှလုံးသှနေကျနကျ》
Misteri / Thrillerသူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံးခဲ့ရသည်။ မဟုတ်သေး၊ အသတ်ခံခဲ့ရသည်။ လူသတ်သမားက သူမကို လူလယ်ခေါင်အများမြင်ကွင်းမှာပဲ လမ်းပေါ်တွန်းချခဲ့ခြင်း။ သို့သော် ထိုသူမ် ားအနက္က -- သူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံ...