<Zawgyi Version>
Translator - No_Coz
"ဖြန်း...!" ညစာစားပွဲတစ်ခုလုံးကို လွှမ်း၍ ပါးရိုက်သံတစ်ချက် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ မုရုလန် ပါးပြင်ပေါ်မှာ တစ်ချက်ကလေး နာကျင်သွားပြီးနောက် ပူထူထုံအန်းသွားရသည်။ သူမ ခံတွင်းအတွင်းမှာလည်း သွေးညှီနံ့တို့ ပြည့်လွှမ်းလာလျက်။
ကြည့်နေသူအပေါင်းကလည်း မုရုလန်အပေါ် ညှာတာစာနာမှု စိုးစဉ်းမျှ မပြသ။ ထည်ဝါ သားနားသော အဝတ်အစားများနှင့် သူတို့ လက်တွေမှာ ဝိုင်နီတစ်ခွက်ကို ကိုင်ဆောင်လို့။ ကျက်သရေရှိ ကျော့ရှင်းသော မိတ်ကပ်အပြင်အဆင်တို့နှင့် သူတို့ မျက်နှာတွေမှာ လှောင်ပြောင်အပြုံးကို ဆင်ယင်လို့။
"ထပ်ပြောရဲ ပြောကြည့်စမ်း...!" မုကျန်ယန် ဒေါသကြောင့် တဆတ်ဆတ်တုန်နေသည်။ သူ့မြင်ကွင်းက ရဲရဲနီချေ သည်။ သူ့အပြုအမူက အကြောင်းမသိသူတို့ အမြင်မှာ မုရုလန်ဟာ သူ့သမီးရင်း မဟုတ်ပါဘဲ၊ သူ့ရန်သူဟုပင် ထင်သွားရစေလောက်ပေသည်။
မုရုလန် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားဆဲ။ သို့သော် ထိုဝတ်စုံကလေးပေါ်၌ ဝိုင်နီစွန်းထင်းနေချေပြီ။ သူမကတော့ ခါးကို မတ်လျက် ခေါင်းမာစွာ သည်းခံကြိတ်မှိတ်နေသည်။ သူမ မျက်ဝန်းများက တောက်ပနေ၍ သူမအကြည့်များက အရှုံးမပေးလိုသော ခိုင်မာမှုတို့ အပြည့်။ သူမ လက်သီးကို ကျစ်ကျစ်ဆုတ်ကာ ဆိုလိုက်သည်။ "သမီး မမှားဘူး...!"
"မင်း. . ."
"အဖေ. . . အာ ဦးလေးမု ဒါ သမီး မှားတာပါ... မမကို အပြစ်မတင်ပါနဲ့တော့နော်... သမီးကိုယ့်ကိုယ်ကို အထင်ကြီးလွန်သွားမိတာပါ..." ပိုင်စုချင်းက ဖျော့တော့စွာ ပြောလျက် ခေါင်းကို အသာခါရမ်းနေလိုက်တော့ သူမ ပါးပြင်ပေါ်မှ လက်ဝါးရာကြီးက အထင်းသား ပေါ်လွင်လာပြန်သည်။ သူမ၏ နက်မှောင်သော ကေသာနွယ်တို့ပင် မဖုံးကွယ်နိုင်ခဲ့။ မုကျန်ယန် ထိုလက်ဝါးရာကို တွေ့သွားမိတော့ ဒေါသတလိပ်လိပ်တက်လာပြန်သည်။ သူ ဘာမှ ဆက်တွေးမနေဘဲ မုရုလန် ပါးကို ထပ်ရိုက်လိုက်တော့သည်။ ရိုက်ချက်က အားအလွန်ပါသွားသဖြင့် မုရုလန်မှာ လဲပင်ကျသွားတော့၏။
ESTÁS LEYENDO
နှလုံးသွေးနက်နက် 《နှလုံးသှနေကျနကျ》
Misterio / Suspensoသူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံးခဲ့ရသည်။ မဟုတ်သေး၊ အသတ်ခံခဲ့ရသည်။ လူသတ်သမားက သူမကို လူလယ်ခေါင်အများမြင်ကွင်းမှာပဲ လမ်းပေါ်တွန်းချခဲ့ခြင်း။ သို့သော် ထိုသူမ် ားအနက္က -- သူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံ...