အခန်း - ၆

1.4K 175 1
                                    

<Zawgyi Version>

Translator - Jinnie_Grace

မုရုလန်​ လန်​ရိယန်​၏ အခန်းဆီသို့​လျောက်​သွားကာ တံခါးကို​ခေါက်​လိုက်​သည်။ အထဲမှ ခပ်​ဆိုးဆိုးနှာသံဖြင့်​ ​အော်​သံအချို့ထွက်​​ပေါ်လာ​လေသည်​။
"စောက်​​ကောင်​​တွေ...ထွက်​သွားကြ...!"

ကြည့်​ရသည်​မှာ ရုစန်းနှင့်​ရုလင်းက လန်​ရိယန်​၏နှာ​ခေါင်းရိုးအား ခ်ျိုးပစ်​ခဲ့ပုံ​ပေါ်သည်။

မုရုလန်​​ ခေတ္တမျှရပ်​​နေလိုက်​ပြီးမှ တံခါးကို​ဖြေးညှင်းစွာတွန်း၍ ဆန်​ပြုတ်​ဘူးကိုကိုင်​ကာ အထဲသို့ ဝင်​ခဲ့သည်။ VIP ခန်းဖြစ်​သည်​မို့ အခန်းထဲတွင်​ သူတစ်​​ယောက်​တည်းရှိနေကာ လင်းကျင်း​နေ​၏။

အိပ်​ယာ​ပေါ်ရှိ လန်​ရိယန်​သည်​ ​ခေါင်းတွင်​ပတ်​တီးအသွယ်​သွယ်​ဖြင့်​။ နှာ​ခေါင်းသည်လည်း ထိုနည်းတူစွာ။ သူ၏ဘယ်​ဘက်​​ခြေ​ထောက်​သည်​ ​ကျောက်​ပတ်​တီးကိုင်​ထားရကာ ကြိုးကိုသုံး၍ ​​မြှောက်​ထားရသည်။ညာဖက်​လက်​သည်​လည်​ ကျိုးထားသဖြင့်​ ကျောက်​ပတ္တီးတစ်​ခြမ်းခံ၍ စည်းကာ လွယ်​သိုင်းထားရ​သေး၏။ ဤသည်​ကို ကြည့်​ရသည်​မှာ အရှင်​လတ်​လတ်​ မံမီအလုပ်​ခံထားရသကဲ့သို့ပင်​။

သို့​သော်​ မံမီ​ကောင်​မှာမူကား တံခါးနားတွင်​ လူရပ်​​နေသည်​ကို သတိမထားမိ​သေး။ သူ၏ထိခိုက်​​နေ​သော ဘယ်​လက်​ဖက်​ဖြင့်​ ​ဘေးဖက်​စားပွဲ​ပေါ်ရှိ ပန်းသီးကိုယူရန်​သာ အာရုံစိုက်​ကြိုးပမ်း​နေသည်​။ ထို့အပြင်​ မျိုးမစစ်​ကောင်​၏ ဦး​နှောက်​သည်​ ပန်းသီး၏တည်​​နေရာကိုလည်း သတိထားမိပုံမ​ပေါ်။ စားပွဲသည်​ သူ၏ဆိုးဆိုးရွားရွားထိထား​သော ညာဖက်​လက်​တွင်​ရှိ​သော​ကြောင့်​ လိန်​စောင်း၍ယူ​နေရသည်​။ 'အင်း....နည်းနည်း​လေးပဲ.... နည်နည်း​​လေးပဲထပ်​တိုးလိုက်​ရင်​... ငါ့ပန်းသီး​လေး...'

လန်​ရိယန်​မှာ ပန်းသီး​ပေါ်တွင်​ပဲအ​​တော်​​​လေးအာရုံစိုက်​​နေ​လေသည်​။ သူ့၏လက်​​ချောင်းများမှာမူကား ထင်​မထား​လောက်​​အောင်​လှပသည်​။ သူ ပန်းသီးဆီ​ရောက်​​အောင်​မည်​သို့ကြိုးစားကြိုးစား ​အရာမထင်​။ ထို့​ကြောင့်​ သူစိတ်​တိုလာကာ မျက်​နှာက ရဲတက်​လာသည်​။ သူလိုချင်​သည်​က ပန်းသီးစားချင်​သည်​သာ။

နှလုံးသွေးနက်နက် 《နှလုံး​သွေနက်နက်》Tempat cerita menjadi hidup. Temukan sekarang