အခန်း - ၇

1.3K 172 2
                                    

<Zawgyi Version>

Translator - Jas_astra

လန်ရိယန် ယနေ့သူ့သူငယ်ချင်းသစ်တွေက မုရုလန်၏ ဓာတ်ပုံကိုပြတာကိုရုတ်တရက် သတိရမိသွားသည်။ ဒါပထမဆုံး သူမမျက်နှာကိုမြင်ဖူးသည်ပင်။
သူတို့တွေက ကျောင်းတူသော်လည်း မုရုလန်ကနာမည်ကြီးသည်။ ပြီးတော့ သူမက ကျောင်းကောင်စီဥက္ကဌဖြစ်သည့်အတွက် အတန်းချိန်၌ ကျောင်းထဲလျှောက်သွားနေသည်မှာရှားလှသည်။ ဒါ့အပြင်သူတို့က အတန်းလည်းမတူတော့ပေ။ မုရုလန်က ၁၁ တန်းကျောင်းသူဖြစ်ပြီး သူကခုမှ ၁၀ တန်းကျောင်းသားပင်။

ဒါကြောင့် သူအမြဲ ဒီကောင်မလေးအကြောင်းသိချင်စိတ်များခဲ့သည်။ အထူးသဖြင့် သူ သူမပုံကိုမြင်တော့အတော်လေးအံ့သြသွားသည်။ သူ့ပထမဆုံးအတွေးက - ဒီမိန်းကလေးအကျင့်ကောင်းသလိုအပြုံးကတကယ်နွေးထွေးလွန်းသည်။ သို့သော်​ဘာကြောင့်​ လူတိုင်းသဘောကျနေရတာလဲဆိုတဲ့အချက်ကိုသူရှာမတွေ့ခဲ့။ ဒါ ချဲ့ကားပြောရာမကျလွန်းဘူးလား။ လူတွေ သူမအကြောင်းပြောတာကို မရေမတွက်နိုင်အောင်​ကြားခဲ့ဖူးသည်။ သူတို့အားလုံးပြောသည်က - "မုရုလန်နဲ့ အဆက်အဆံလုပ်ဖူးတဲ့သူမှန်သမျှ သူမကိုသဘောကျသွားကြလိမ့်မယ်။ အကြောင်းက လူတိုင်းသူမကို တကယ်သဘာကျမိသွားသောကြောင့်​ပေ"

ဒါပုံကြီးချဲ့ကားပြောတာမဟုတ်ရင် ဘာများလဲ။ တစ်ညတည်းနှင့်​ သူ့အဖိုးခုနှစ်ကြိမ်တိတိ လုပ်ခဲ့တာကိုမျက်​မြင်​ မြင်ဖူးတာထက်ပိုပြီး ယုံကြည်နိုင်စရာမရှိပေ။ ဆီတွေပေနေတဲ့ ဒေါ်လာအကြွေကိုတောင် ရွံတဲ့သူရှိသေးတာ... လူတစ်ယောက်ကပြီးပြည့်စုံတယ်ဆိုတာကိုဘယ်လိုလုပ်ယုံနိုင်မှာလဲ။

ထိုစဉ်​တုန်းက သူ့ကိုယ်သူ ဘာဖြစ်နေမှန်းတောင်သတိမထားမိခဲ့။ သို့သော်​ အတွေးတစ်ခုကသူ့ခေါင်းထဲရောက်လာခဲ့သည်။ "သူနဲ့အတူအိပ်လိုက်ရရင် ခံစားချက်ကဘတကယ်ကောင်းမှာပဲ" ဒါကသူ့အတွေးပင်။ တကယ်လို့တစ်ယောက်ယောက်ကအကြောင်းရင်းလာမေးရင်တော့ သူဒီလိုပြန်ဖြေဖြစ်လိမ့်မည်။ "ဘာလို့လဲဆိုတော့ ဖြူစင်ပြီးသီးသန့်နေတတ်တဲ့သူတွေက တဏှာ မှာ မွေ့လျော်မှုအများဆုံးပဲ ဒါ ငါ့အဖိုးငါ့ကိုပြောပြခဲ့တာပဲ..."

နှလုံးသွေးနက်နက် 《နှလုံး​သွေနက်နက်》Where stories live. Discover now