<Zawgyi Version>
Translator - Jinnie_Grace
တောက်ပသော နေရောင်ခြည်တန်းတို့က Gothic အဆောက်အဦးပေါ်သို့ လင်းလဲ့စွာ ဖြာကျနေသည်။ ဤအချင်းအရာကြောင့် ညအချိန်တွင် ကြောက်မက်ဖွယ် ကောင်းစွာ မည်းမှောင်နေတတ်သောအိမ်ကြီးသည် ရုတ်ချည်းပင် တင့်တယ်သော အရှိန်အဝါတို့အား ထုတ်လွှတ်နေသလို ခံစားသွားရစေသည်။ ခြောက်သွေ့သောရွက်ကြွေတို့က တံခါးဝ၏အပြင်ဖက်တွင် ဟိုတစ်စဒီတစ်စဖြင့် ပျံ့ကျဲလျက်။ စိမ်းနုသောသစ်ရွက်တို့မရှိသည့် သစ်ပင်ကြီးတွင် သစ်ကိုင်းခြောက်များကသာ ဟီးလေးခိုနေကြသည်။ အိမ်၏အရှေ့တွင်တော့ ရေများခန်းခြောက်နေပြီဖြစ်သည့် ရေပန်းအသေးစားလေးတစ်ခုက နေရာယူထား၏။ ဖုန်မှုန့်များအလိမ်းလိမ်းတက်နေပြီဖြစ်သော ရေပန်းဘောင်များအတွင်းတွင်လည်း သစ်ရွက်ခြောက်များက ဝင်ရောက်နေပြန်သည်။
"ကျွီ...."
ကြီးမားလေးလံသော တံခါးကြီးပွင့်သွားသံနှင့်အတူ လျူစီးလန် အထက်တန်းကျောင်း၏ဝတ်စုံအား ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးပေါ်ထွက်လာသည်။သူမ၏ လှပသော ပိတုံးရောင်ဆံကေသာမှာ ပင်ကိုယ်အတိုင်းခွေကျနေ၏။ သူမ၏ မျက်နှာလေးမှာမူကား လှပကာယစ်မူးဖွယ်အတိ။ ထို့အပြင် သူမ၏ သွင်ပြင်သဏ္ဍာန်မှာ ရှင်းသန့်ကာ နွေးထွေးမည့်ပုံပင်။
ကားအနက်တစ်စီးက ခြံအဝင်ဝတွင် ထိုးဆိုက်လာကာ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ကားမောင်းသူ ဆင်းလာပြီး အရိုအသေပေးလိုက်သည်။ ထိုသူ၏ အေးစက်သောမျက်နှာထားမှာ တဖြည်းဖြည်း နူးညံ့သွားကာ မေးလိုက်သည်။
"မမလေး...မနေ့ညက အချိန်ကောင်းလေးကို ပိုင်ဆိုင်ခဲ့ရပါရဲ့လား"ဤအိမ်ကြီးမှာ မုရုလန်၏ အဘွားဖြစ်သူ သေဆုံးခါနီးတွင်ပေးခဲ့သော အိမ်ကြီးဖြစ်သည်။ သူမဤနေရာကို အလွန်ပင်နှစ်သက်သည်။သို့သော် မည်သူ့ကိုမှ အိမ်ထဲသို့ပေးမဝင်။ သူမ၏ အဖိုးတန်မောင်လေးနှစ်ယောက်ကိုတောင် ခွင့်ပြုခြင်းမရှိခဲ့။မုမိသားစု၏ အဖိုးတန်မင်းသမီးလေးတစ်ပါးအနေဖြင့် ငယ်စဉ်ကတည်းက အလိုလိုက်ခြင်းခံထားရကာ မည်သူတစ်ဦးတစ်ယောက်ကမှ သူမအား စိတ်ငြိုငြင်အောင် မလုပ်ရဲပေ။ မုရုလန် ဤအိမ်ကြီးမှပြန်လာတိုင်း သိသိသာသာပင် စိတ်ကြည်လင်ပျော်ရွှင်မှုကို မြင်ရလေ့ရှိကြသည်။ထို့ကြောင့် မည်သူကမှ အတွန့်မတက်ဝံ့ကြ။
YOU ARE READING
နှလုံးသွေးနက်နက် 《နှလုံးသှနေကျနကျ》
Mystery / Thrillerသူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံးခဲ့ရသည်။ မဟုတ်သေး၊ အသတ်ခံခဲ့ရသည်။ လူသတ်သမားက သူမကို လူလယ်ခေါင်အများမြင်ကွင်းမှာပဲ လမ်းပေါ်တွန်းချခဲ့ခြင်း။ သို့သော် ထိုသူမ် ားအနက္က -- သူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံ...