<Zawgyi Version>
Translator - No_Coz
ကားကလေးတစ်နေရာရောက်တော့ ကွေ့သွားပြီး ကိုယ်ပိုင်လမ်းကလေးတစ်ခုထဲ ချိုးဝင်သွားသည်။ နောက်တော့ စံအိမ်ကြီးတစ်အိမ်ကို မြင်ရလောက်သည်အထိ မောင်းဝင်သွားတော့၏။
ကားကို သည်ဘက် ပတ်မောင်းလာသည့် အချိန်အခါတိုင်း မုရုလန် ခေါင်းပြူ ထွက်ကာ ထိုနေရာ မြေကွက်လပ်ကလေးကို ငေးမောကြည့်ဖြစ်သည်။ မည်သူမျှ ဂရုမထား ပစ်ပယ်ရက်သည့် သူမ၏ အရင်ဘဝက သက်မဲ့ခန္ဓာကို သူမ အမှန်တကယ်တွေ့မြင်နေရသည့်အလား ခေါင်းပြူ ထွက်ကြည့်မိသည်။ သူမ အပြုံးပန်းကလေးက လန်းသထက် လန်းလာပြီး နွေးသထက် နွေးလာတော့သည်။ သူမကိုယ်ကို ပြန်ပြီး နွေးထွေးစေလိုသည့်အလား။ 'ရပါတယ်... နွေးထွေးမှုဆိုတာကို ငါတို့ဘာသာ ဖန်တီးယူလိုရတာပဲ... ငါတို့ကို အဖော်ပြုပေးဖို့ သူတို့တွေကို ငါ ဆွဲချ လာပေးမယ်... ငါတို့တွေ အထီးမကျန်စေရဘူး... ဟုတ်ပြီလား...'
ကားတံခါး ပွင့်လာပြီး မုရုလန် ကားပေါ်က ဆင်းလာသည်နှင့်၊ စံအိမ်တတိယထပ် လေသာဆောင်ဝရန်တာမှ အသံများ တညံညံပေါ်ထွက်လာတော့သည်။မုရုလင် သွားစွယ်ချွန်ချွန်ကလေးများပေါ်အောင် ချစ်စဖွယ် ပြုံးရင်း လက်နှစ်ဖက်ကို ဝေ့ရမ်းပြနေသည်။
"မမ...! မမ...!" သူက လက်ထဲမှ ဖုန်းကို စိတ်လှုပ်ရှားတက်ကြွစွာ လက်ညိုးထိုးပြလိုက်ပြီး လေသံခပ်ပျော့ပျော့ကလေးနှင့် ဆိုလာသည်။ "ဖုန်းနံပါတ်...! ကျွန်တော် သူများဆီကနေ ကျိုးယာယာ့ရဲ့ ဖုန်းနံပါတ်တောင်းလာတယ်...!" သူက ချစ်စရာ မျက်နှာပေးလေး လုပ်လိုက်သေး။ 'ကျွန်တော် ဉာဏ်ကောင်းလွန်းခဲ့တယ် မဟုတ်လား... မမ ကျွန်တော့်ကို ချီးကျူးလေ' ဆိုသလို ပုံစံမျိုး။
မုရုလန်မှာ နူးနူးညံ့ညံ့ ပြန်မပြုံးပြဘဲ မနေနိုင်ခဲ့။ သူမ သူ့ကို ပြန် လက်ပြဝေ့ရမ်းလိုက်ပြီး ဝရန်တာနားကပ်ပြီး ခုန်ပေါက်မနေဖို့ သတိပေးလိုက်သည်။ နောက်တော့ သူမလည်းပဲ အိမ်ထဲ ဝင်လာလိုက်တော့သည်။
STAI LEGGENDO
နှလုံးသွေးနက်နက် 《နှလုံးသှနေကျနကျ》
Mistero / Thrillerသူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံးခဲ့ရသည်။ မဟုတ်သေး၊ အသတ်ခံခဲ့ရသည်။ လူသတ်သမားက သူမကို လူလယ်ခေါင်အများမြင်ကွင်းမှာပဲ လမ်းပေါ်တွန်းချခဲ့ခြင်း။ သို့သော် ထိုသူမ် ားအနက္က -- သူမ ပြန်ဝင်စားလာသည်။ သူမ အသက် ၂၀ အရွယ်မှာ သေဆုံ...