မိုယု နဲ့သူဟာ Jနိုင်ငံကနေ Cမြို့ကို လေယာဉ်နဲ့ထွက်လာခဲ့တယ်
သူတို့Cမြို့တော်ကိုရောက်တော့ ညနေတောင်မှောင်ရီပျိုးနေပြီ
သူတို့ အနီးဆုံးဟိုတယ်တစ်ခုမှာတည်းရင်း မနက်ကျမှ ပိုင်ချင်းရဲ့အမေ့ဆီသွားဖို့ပြင်လိုက်တယ်
(တကယ်လို့ ငါသာ ပိုင်ချင်းအမေနဲ့တွေ့ရင် ဇာတ်လိုက်နဲ့နားလည်မှုလွဲပြီး အသတ်မခံရတော့ဘူးမလား)
[အင်း ဖြစ်နိုင်ချေတော့နဲသွားတာပေါ့ အခုဇာတ်လိုက်မဖူးရုံဟာ ယွမ်လီကိုကြိုက်နေပြီ သူတို့က ယူဖို့တောင်စီစဉ်နေပြီ]
(ဟုတ်လား ဒါဆို သူတို့မင်္ဂလာပွဲကဘယ်တော့လဲ)
[နောက်၂ရက်နေရင် ပါhost]
(Hkhk ဒီလောက်မြန်မယ်ထင်မထားမိဘူး )
ထိုအချိန် သူ့ရဲ့နောက်ကျောကနေသိုင်းဖက်လိုက်တယ် ။သူဟာ ရင်ခွင်နွေးနွေးထဲပြိုကျသွားတယ်
ထိုသူ့ရဲ့ဝင်လေထွက်လေဟာသူ့ရဲ့ ဂုတ်သားလေးတွေကို ထိခတ်နေတယ်
.
.
.မိုယု ဝရံတာမှာထွက်ကာကောင်းကင်ကြီးကိုမော့ကြည့်နေတဲ့ကောင်လေးနောက်ကနေသိုင်းဖက်လိုက်တယ်ပြီးတော့ပိုင်ချင်းရဲ့ လည်တိုင်နားမှာ.သူ့ရဲ့ခေါင်းကိုမှီထားလိုက်တယ်
သူထိုကောင်လေးရဲ့ကိုယ်သင့်ရနံ့လေးကိုခိုးယူ ရှုရှိုက်နေတယ်
ဒါဟာ နှင်းဆီရနံ့လေး ဒါပေမဲ့ အရမ်းလဲမပြင်းသလို အရမ်းလဲမဖျော့ဘူး သင့်တင့်ရုံလေးပဲဒိရနံ့ကိုသူရင်းနှီးနေသလိုပဲ သက်တောင့်သက်သာ.ဖြစ်လွန်းလို့ သူမခွာချင်တော့ဘူး
သူ့ရဲ့ဝင်လေးထွက်လေးဟာဂုတ်သားလေးတွေကိုထိခတ်နေတယ် တစ်ချက်ချက် တွန့်သွားတဲ့ကောင်လေးပုံစံကြောင့်
သူ့နှုတ်ခမ်းထောင့်စွန်းဟာ ကော့တက်နေတယ်....
ဒါဟာ.သူ့ဘဝမှာတစ်စုံတစ်ယောက်အတွက်မူပိုင်အပြုံးပဲ ...
YOU ARE READING
System013(Complete)
General FictionSystem~ကမ်ဘာပေါင်းများစွာမှာဝင်စားပြီး hostရဲ့mission pointတွေရယူပါ Host~ငါလေးကိုခက်ခဲတဲ့missionတွေပေးပြီး သေကြောင်းကြံစည်နေတာလား system ....... Start Date-15.1.2020 End Date. -3.4.2020