ရှောင်​ချုး-1

17.4K 1.4K 19
                                    

ငါဒီတစ်​​ခေါက်​​မျက်​လုံး​တွေဖွင့်​လိုက်​​တော့ ​မှောင်​မဲ​နေတဲ့အခန်း ထဲမှာသူဟာလှဲ​လျောင်း​နေတယ်​....

သူ့ရဲ့မျက်​လုံး​တွေဟာနာကျင်​​နေပြီး...သူ့ရဲ့ခန္ဓာကိုယ်​ဟာလဲ ရိုက်​နှက်​ခံထားရသလိုပဲ နာကျင်​​နေတယ်

ဒါက ဘယ်​လို​တောင်​ဆိုးရွားတဲ့အဖြစ်​လဲ

(Systemငါ့ကိုဒီကမ္ဘာရဲ့အချက်​အလက်​​ပေး)

[ပို့ပါပြီHost..]

ခေါင်းကထိုးကိုက်​ကာ မူး​နောက်​လာ​ပေမဲ့ ကြုံ​နေကြဖြစ်​​တော့သိပ်​​တော့မမှု​တော့.....

ဒီကမ္ဘာဟာ ပုံမှန်​​ခေတ်​ကာလ ​လေးပဲဖြစ်​တယ်​ ပုံမှန်​မဟုတ်​တာဘာမှမရှိတဲ့​နေရာ​လေး​ပေါ့

ဒီကမ္ဘာရဲ့ဇာတ်​လိုက်​ကချင်းရာ..သူဟာသူ​ဌေးသား​လေးတစ်​​ယောက်​....သူရဲ့မိသားစုဟာ အ​တော်​အသင့်​ချမ်းသာတယ်​...

သူ့အသက်​ ၁၅ နှစ်​မှာ သူ့အ​ဖေဟာ ​သေဆုံးသွားခဲ့တယ်
သူ့အ​ဖေဟာအသတ်​ခံလိုက်​ရတယ်​ ဒါ​ပေမဲ့ တရားခံအစစ်​မ​ပေါ်ခဲ့ဘူး

နောင်​နှစ်​အနည်းငယ်​ကြာ​တော့ သူ့အ​မေဟာ ငယ်​ချစ်​ဦးဆိုသူနဲ့ လက်​ထပ်​ခဲ့ပြန်​တယ်​ သူဟာပ​ထွေးနဲ့​နေရတယ်​....သူပ​ထွေးဟာ အ​ဖေ​ကောင်းတစ်​​ယောက်​လို အမြဲပြုမူတယ်​....ဒါ​ပေမဲ့ ဒါဟာအတုအ​ယောင်​ဆိုတာ သူသိခဲ့ရတယ်​....

ဒီအ​ကြောင်း​တွေ​ကြောင့်​သူဟာ ရဲဖြစ်​​အောင်​ကြိုးစားခဲ့တယ်​ ...သူ ရဲဖြစ်​လာ​ပြီးခက်​ခဲတဲ့အမှုမှန်​သမျှ​ဖော်​နိုင်​တဲ့ ရဲတစ်​​ယောက်​ဖြစ်​လာတယ်

သူဟာ သူ့အ​ဖေရဲ့​​သေဆုံးမှုကို ပြန်​စုံစမ်းခဲ့တယ်​ သူအ​ဖေရဲ့​သေဆုံးမှုကိုသိခါနီးအချိန်​မှာပဲ သူဟာလုတ်​ကြံခံလိုက်​ရတယ်​....

အဲ့​ဒီအချိန်​မှာ ဇာတ်​လိုက်​အရှိန်​အဝါအရမ​သေပဲ ဇာတ်​လိုက်​မမိုရီနဲ့​တွေ့ကာ ကယ်​တင်​ခံရသတဲ့​.....

ပြီး​တော့သူဟာ.အတိတ်​​မေ့သွားခဲ့တယ်​ တကယ်​​တော့အတိတ်​​မေ့တယ်​လို့​ဗန်းပြပြီး အမှုကိုဆက်​စုံစမ်း​နေတာ သူ့ကိုလုပ်​ကြံတဲ့သူကို​ရောပဲ....

System013(Complete) Donde viven las historias. Descúbrelo ahora