ရှန်းကျိုး-4

11.4K 1.1K 5
                                    

Flameရဲ့ကား​လေးက တိတ်​ဆိတ်​ တဲ့ခြံဝန်း​လေးထဲ​ကွေ့ဝင်​လာကာ........အိမ်အတွင်း ဧည့်​ခန်း​လေးထဲမှာ မိန်းမတစ်​​ယောက်​ က ထိုင်​​နေတယ်​..။

သူမက. ရှန်းကျိုးရဲ့အ​မေ ရွမ်းဟယ်​...။

'ရင်​ဘတ်​ထဲက တစ်​မျိုးကြီးပဲ.....ဝမ်းနည်းသလိုလို ငိုချင်​သလို လိုပဲ....'

ရှန်းကျိုးသူ့ရဲု့ရင်​ဘတ်​ကိုကိုင်​ကာ ​ဘေးဘက်​က ထိုင်​ခုံ​ကို ကိုင်​ထားရတယ်​..။

ရွမ်းဟယ်​လဲ သူမသား...ရင်​ဘတ်​ ကိုဖိကာ မျက်​ရည်​ဝဲ​နေတာ​တွေ့​တော့ ......စိုးရိမ်​သွားတယ်​...။

Flameအခုတ​လော သူ့ဝိညာဉ်​နဲ့ ခန္ဓာကိုယ်​ ထပ်​တူမကျသလို ခံစား​နေရတယ်​....အရင်​ဘဝ​တွေက မဖြစ်​ဖူး​ပေမဲ့ အခု​ခန္ဓာကိုယ်​မှာ ....မူလ ခန္ဓာကိုယ်​နဲ့ ဝိညာဉ်​ရဲ့ ခံစားချက်​​တွေကို ခံစား​နေရတယ်​..။

ဥပမာ..ရှန်းကျိုးရဲ့ ဝမ်းနည်းမှု​တွေ  ​​ဒေါသ​တွေ  နာကျည်းချက်​​တွေ ချစ်​ခြင်း​မေတ္တာ​တွေ

' ဒါ​တွေက ​နောက်​ဆုံးကမ္ဘာမို့ ဒီလိုခံစား​နေရတာလား.......'

ရုတ်​တရက်​ ရင်​ဘတ်​က​အောင့်​လာတယ်​.......။
မူလရှန်းကျိုး ​သေဆုံးခဲ့ရတာလဲ .....နှလုံး​ရောဂါ​ကြောင့်​ပဲ..ဒါ​ပေမဲ့...သူက​ပျော်​​အောင်​​နေတဲ့ ဆန်​ကုန်​​မြေ​လေးတစ်​​ယောက်​ဖြစ်​ပြီး ...​ဆေးလဲစစ်​မကြည့်​တာ​ကြောင့်​....မသိခဲ့ခြင်း....

အခုသူက​တော့ Systemအကူအညီနဲ့သိပြီးသား.....။

(System​​ရေ မင်းကမ္ဘာက တစ်​ခုပြီးတစ်​ခုပိုခက်​လာတယ်​​နော်​..........အခု​က​နောက်​ဆုံးဆိုပြီး အ​သေခက်​​နေတာလားဟ....)

[Hostဘာ​ပြောချင်​တာလဲ..]

(ဘာ​ပြောရမှာလဲ......မင်းကငါ့ကို...​ကောက်​ရိုးပုံထဲအပ်​​ပျောက်​ရှာ​ခိုင်းပြီး..........
အစ​ဖော်​မရတဲ့ .........ချည်​အရှုပ်​အ​ထွေးထဲပို့ပစ်​တာ​လေ....ရှုပ်လိုက်​တဲ့မိသားစုပုံစံနဲ့ ........
အခုလဲ ငါက​ရောဂါသည်​​လေ.....ဒါ...ဒါမင်းသက်​သက်​မဲ့ လုပ်​တာမလား....?)

[ဟူး........Hostအ​နေနဲ့ ဒါက ​နောက်​ဆုံးအတားအဆီးဆို​တော့...ခက်​ခဲမယ်​ဆိုတာသိသင့်​တယ့်​....:p]

System013(Complete) Onde histórias criam vida. Descubra agora