Memory-5

10.5K 1K 21
                                    

မဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း
ပေါင်းကူးတံတား မရှိတဲ့ ချောက်ကမ်းပါးစွန်းနှစ်ဖက်
တစ်ဖက် တစ်ချက်မှာရပ်တည်နေတဲ့ အရှင်နဲ့ ကျနော်.........

.......................................

"မင်း အရှင်မSnowကို စောင့်ကြည့်ပါ.သူမကို သတိတစ်ချက်မလွတ်သွားစေနဲ့"

"အမိန့်အတိုင်းပါသခင်"

အခုအသစ်တက်လာသော မိစ္ဆာဘုရင်သည် သူ့အားအရှင်ဟုခေါ်ခြင်းအားခွင့်မပြု....

သခင်ဟုသာ ခေါ်စေခဲ့သည်

သို့သော် ဘယ်သူသိနိုင်မလဲ......ထိုသို့အရှင်ဟု မခေါ်ခိုင်းခြင်းမှာ
သူ့ကိုယ်သူ အရှင်ဇီအိူနဲ့ တန်းတူမဟုတ်ဟု ယူဆထားတဲ့ နှလုံးသားထဲက အပြစ်ဒဏ်ဆိုတာ.........

သူအခုSnowကိုစောင့်ကြည့်ခိုင်းတာ မှားတယ်တော့မထင်.....အခုအရှင်မSnowဟာ အရှင့်အနားက အနီးကပ်ဆုံးတစ်စုံတစ်ယောက်

သူမကအရှင့်အား ရန်မပြုနိုင်တာ သိပေမဲ့ သတိဆိုတာ ပိုတယ်လို့မရှိ.....

သူ့မသိစိတ်ထဲမှာ အရှင်မ Snowဟာ တစ်စုံတစ်ခုပြောင်းလဲနေသလို  .

သို့သော် ဘာကပြောင်းလဲနေမှန်းသူမသိ....။

တစ်ဖက်မှာလဲ

'နင်ဒီလို လုပ်လို့မရဘူး နင်ထွက်သွား သူတို့ချစ်ခြင်းကိုမခွဲနဲ့ '

'တိတ်စမ်းပါ....နင့်ရဲ့ သဘောတူညီမှုကို ဘယ်သူကလိုနေလို့လဲ.....ပြီးတော့ နင်လဲ အရှင်ဇီအိူကိုကြိုက်နေတာပဲ...နင်မမေ့နဲ့ နင့်ရဲ့စိတ်ကြောင့် ငါဆိုဖြစ်ပေါ်လာတာ.......ဟားဟားဟားးးးးး....'

'ဟင့်အင်.....မဟုတ်ဘူး...မဟုတ်ဘူး....'

snowစိတ်တွင်း၌သူမရဲ့အခြားစိတ်နဲ့ တိုက်ပွဲဝင်နေရသည်

Flmaeစောင့်ကြည်​့ နေစဥ် ကာလအတွင်းသိလာရတာက....Snowကစရိုက်နှစ်မျိုးဟုပင်

တစ်ခါတစ်ရံကြင်နာပြီး တစ်ခါတစ်ရံ မောက်မာ ရိုင်းစိုင်းပြီး အထက်စီးဆန်သည်

System013(Complete) Место, где живут истории. Откройте их для себя