Flame သူ့ချစ်သူရဲ့ခန္ဓာကိုယ်အပေါ်က ဓားရာပြတ်ရှတွေတွေ့တော့ သူရဲ့ရင်က နာကျင်လာတယ်
သူ့ချစ်သူကဘယ်သူမှမသိပေမဲ့ သူ့ကာကွယ်ပေးမည်........
သူရဲ့စူးရဲတဲ့အကြည့်တွေက ဒေါသတွေပါလာတာကြောင့် လူတွေအကုန်ကြောင်အကုန်သည်
ထိုကောင်လေးကစောနကမှ ယုန်လေးမဟုတ်ဘူးလား အခုချက်ချင်း ဖြူကောင်ဖြစ်နေတာလား.....
သူ့ရဲ့အကြည့်ကိုဆုံမိသူတိုင်း သူတို့အတွက် ခံစားချက်တွေမကောင်းသလိုခံစားလိုက်ရသည်
သူတို့ပုံစံက သေမင်းလိုပဲ.....
ရုတ်တရက်ထိုကောင်လေးကို ဓားနဲ့ချိန်ထားတဲ့သူရဲ့ လည်ပင်းဟာပြတ်ထွက်သွားတယ်....
သူ့ရဲ့ရက်စက်ပုံကြောင့် လုပ်ကြံသူတွေသာမက ....ဝူကျန့်ပါလန့်သွားရသည်
စောနက ကြင်နာတတ်တဲ့ ပုံရိပ်လေးဟာလဲပြိုကွဲသွားတယ်.....
လူတိုင်းတွေးမိတာက 'ဘာ....ဘာတွေဖြစ်ကုန်တာလဲ '
၁၀စက္ကန့်အတွင်း လုပ်ကြံသူတွေရဲ့ခေါင်းတွေဟာ ပြတ်ထွက်သွားပြီး တစ်ယောက်နှစ်ယောက်ပဲကျန်တော့တယ်....
"ခင်ဗျားသူ့ကိုအရှင်ထားချင်သေးလား"
ဝူကျန့် ယောင်အအနဲ့ ခေါင်းညိတ်လိုက်တယ်.......
ဒါကြောင့်သူ ထိုလူနှစ်ယောက်အား.မေ့အောင်သာ လုပ်လိုက်တယ်.....ပြီးတာနဲ့ သူ..သူ့ချစ်သူအနား အမြန်ပြေးကာဒဏ်ရာတွေကိုဆေးထည့်ပေးချင်ပေမဲ့ သူ့ရှေ့က လာတားတဲ့ သူကြောင့် သူမျက်မှောင်ကုတ်လိုက်မိတယ်.......
ပြီးမှသူသတိရမိတာက.....သူအရမ်းရက်စက်မိတာပဲ
"မင်းကိုသာသတ်ချင်ရင်...မင်းသေတာကြာပြီ"
သူပြောတာလဲမှန်နေတာပဲလေ.....
သူ့ရှေ့ကသူဖယ်လိုက်တော့ Flameဟာ သူ့ချစ်သူဆီအလျင်အမြန်သွားပြီး ဒဏ်ရာတို့ကို ကြည့်လိုက်မိသည်
YOU ARE READING
System013(Complete)
General FictionSystem~ကမ်ဘာပေါင်းများစွာမှာဝင်စားပြီး hostရဲ့mission pointတွေရယူပါ Host~ငါလေးကိုခက်ခဲတဲ့missionတွေပေးပြီး သေကြောင်းကြံစည်နေတာလား system ....... Start Date-15.1.2020 End Date. -3.4.2020