Memory-4

9.5K 927 11
                                    

'အရှင်...တကယ်ပဲ ကျနော်တိုက မဆုံနိုင်တဲ့ မျဥ်းပြိုင်တွေ ထင်ပါရဲ့'

.................

ကြွေလွင့်သွားတဲ့မျက်ရည်တစ်စက်..........

နာကျင်နေတဲ့ နှလုံးသားတစ်စုံ..........

ကြေမွသွားတဲ့ အသည်းနှလုံး.................




"သူတကယ်ပဲ မိစ္ဆာလမ်းကိုလျောက်သွားခဲ့ပြီလား......."

"သတင်းတွေအရတော့......Lu Yishinက တကယ်ပဲနောက်တက်မဲ့မိစ္ဆာ ဘုရင်ပါအရှင်....."

"တောက်!!!!!"

ဇီအို ဒေါသတွေ ခံပြင်းမှုတွေနဲ့ စားပွဲအား လက်ဝါးနဲ့ရိုက်ချလိုက်တော့ ကြေမွသွားတဲ့ စားပွဲခုံ.........

ထိုစားပွဲခုံအတိုင်း တစ်စုံတစ်ယောက်ရဲ့နှလုံးသားကလဲ ကြေမွသွားခဲ့ပြန်တယ်......

ဇီအို သူနိူးလာလာခြင်း သူမြင်တွေ့ချင်တဲ့ ကလေးကို မတွေ့ရလို့ ကလေးအကြောင်းကိုမေးမိတော့..

သူ့ရဲ့ကလေးဟာ မိစ္ဆာလမ်းကို လျောက်သွားပြီတဲ့လေ...

ဘယ်သူကမှ တွန်းအားမပေး ကြည်ဖြူစွာ ခံယူသွားတာတဲ့လား

နှစ်ပေါင်းများစွာ တိုင်အောင် သူပျိူးထောင်လာတဲ့ ကလေးက အခုတော့ သူရဲ့ ဆန့်ကျင်ဘက်ရန်သူဖြစ် လာခဲ့ပြီ... ..

ဒါမှမဟုတ်ကလေးဟာ သူ့ထံပါးမှ ထွက်ပြေးရန်အမြဲ ကြံစီနေသလား...........

ထိုသို့လဲ မဖြစ်နိုင် ကလေးစိတ်ကို သူသိသည်.......

သူ့ရဲ့ကလေးဟာ...ဘယ်တော့မှသူ့အား ထားသွားမည်မဟုတ်

ထိုသိူ့သောသူ့အား ဆန့်ကျင်မည့်လမ်းကို ပိုပြီးရွေးချယ်မည်မဟုတ်..........

.....
......
......
........

"ကျနော်မလုပ်နိုင်ဘူး......မဖြစ်နိုင်ဘူး....တခြားအရာခိုင်းပါ......ကျနော်.....ကျနော်အရှင့်ကို မဆန့်ကျင်နိုင်ဘူး......"

"Flameစိတ်ထိန်းစမ်း........."

"ဟင့်အင်း...ကျနော် အရှင့်ကိုဆန့်ကျင်ပြီး အရှင်နာကျင်အောင်မလုပ်နိုင်ဘူး"

"မင်း...........မင်းသိလား တစ်ချိန်က ငါတို့ရဲ့အဖေနဲ့အမေ ဘာကြောင့် ကွဲကွာသွားရလဲ........ဘာလို့ငါတို့ညီအကိုတွေကရော ဝေးကွာသွားရတာလဲမင်းသိလား.....အားလုံးက ဇီအိုရဲ့အုပ်ချုပ်မှုအောက်မှာဆိုတာမင်းသိရဲ့လား.........သူက အမေ့ကို အချုပ်ကျစေခဲ့ပြီး နတ်သက်ကြွေစေခဲ့တာ......အဖေကိုလဲ သတ်ဖြတ်ခဲ့တာ.......စစ်ပွဲကိုဖြစ်စေခဲ့တာ.......နောက်ပြီးမင်းကိုမွေးစားခဲ့တာ....အားလုံးကအစီအစဥ်ချထားတာကွ..... "

System013(Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ