" ခါးပတ်ပတ်ထား "
ဟောက်ရွှမ်းကသတိပေးတော့ ခါးပတ်စကိုဆွဲလိုက်ရင်းသေချာပတ်လိုက်တယ်။ မိုးဖွဖွဲလေးကျနေတာကို ကားထဲကနေငြိမ်ငြိမ်လေးကြည့်နေမိတယ်။ စိတ်တွေကအစိုးမရပြန်ဘူး။ အကြောင်းအရာတစ်ခုတည်းမှာရှိမနေဘဲ ဟိုရောက်ဒီရောက်နဲ့။ အတွေးအများစုကတော့ ဘဝကြီးကိုစိတ်ကုန်နေတာပဲ။
" ကျိရန်ကို ဝင်ခေါ်လိုက်ဦးမယ် "
" အင်း "
ကားအတွင်းထဲကို ဟောက်ရွှမ်းကheaterပိုမြှင့်ပေးထားပေမယ့်လည်း ရိပေါ်ကအေးသထက်အေးလာသလိုခံစားရတာကြောင့် ဝတ်ထားတဲ့အစိမ်းရင့်ရောင်hoodieထဲ ခန္ဓာကိုယ်ပိန်ပိန်လေးကို ပိုပြီးမြှပ်ပစ်တယ်။ ဘယ်သူပဲကြည့်ကြည့် ရိပေါ်က အအေးကိုလွန်စွာမှကြောက်တတ်တဲ့ ကလေးလေးလိုဖြစ်နေတယ်။
" ရိပေါ် ဟောက်ရွှမ်း morning! ဒီမှာ မင်းတို့အတွက် "
ကော်ဖီပူပူလေးနှစ်ခွက်ကို ရိပေါ်နဲ့ဟောက်ရွှမ်းက ကျိရန်လက်ထဲကနေ သေချာလှမ်းယူတယ်။ အနောက်ခန်းကိုဝင်ထိုင်တဲ့ကျိရန်က ပေါ့ပေါ့ပါးပါးလေးပြုံးရယ်နေတယ်။ တကယ်ကိုချစ်ဖို့ကောင်းတဲ့ ရိပေါ်ရဲ့သူငယ်ချင်းလေး။ ကျိရန်စိတ်ချမ်းသာအောင်လို့ ကျိရန်လိုမျိုးရယ်ပြလိုက်ချင်ပေမယ့် ရိပေါ်နှုတ်ခမ်းပါးတို့က ရိပေါ်အလိုကိုမလိုက်ဘူး။
" ငါတို့အမှတ်တွေကွာပေမယ့် တခန်းထဲပဲကျလောက်မှာပါနော် "
" ကျမှာပါ Eco majorကလူနည်းတယ်ကြားတယ် "
ပူစရာမရှိကြံဖန်ပူနေကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို ရိပေါ်ကအေးအေးလေးပဲကြည့်တယ်။ ဘဝကြီးကလည်း သူတို့နှစ်ယောက်ရှိလို့သာပဲ။ ပြီးတော့ ရိပေါ်ကတဆတ်တည်းတွေးတယ်။ ကျိရန်နဲ့ဟောက်ရွှမ်း သူတို့ဘဝသူတို့ထူထောင်ပြီး ရိပေါ်ကိုအာရုံမစိုက်နိုင်တော့တဲ့အချိန်ကျရင် လောကကြီးထဲကနေ ရိပေါ်ထွက်သွားပစ်တော့မယ်လို့။ တနေ့တနေ့များများလာတဲ့ လက်ကဖြတ်ရာတွေက ထွက်သွားဖို့အတွက်ကြိုးစားနေတဲ့ အစခြေလှမ်းတွေပဲ။ အဲ့ကျမှ ရိပေါ်ကကြောင်တောင်တောင်နိုင်စွာ ပြုံးလို့ရတော့တယ်။
YOU ARE READING
DOULEUR
Fanfictionအထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 From 23.1.2020 To 11.5.2020 』