သွေးစိမ့်ထွက်နေတဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးနေရင်းနဲ့ ငိုချင်နေတဲ့စိတ်ကို တင်းခံနေရတာက ရှောင်းကျန့်အတွက်လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ များလှတဲ့ဖြတ်ရာတွေက အသားဖြူဖြူထက်မှာအထင်းအရှား။ တချို့ဒဏ်ရာတွေဆို အနာရင်းပြီးတော့ ခရမ်းရောင်ဘက်သမ်းချင်နေပြီ။ တချို့ဒဏ်ရာတွေကျ အနာရွတ်ဖြစ်နေပြီ။ ကြာသေးပုံမရတဲ့တချို့ဒဏ်ရာတွေကတော့ သွေးတွေခြောက်ကပ်နေတယ်။
ဘလိတ်ဓားနဲ့ဖြတ်သလား ရိုးရိုးဓားနဲ့ဖြတ်သလားမသိပေမယ့် ဖြတ်ရာတွေကတော့ ရှောင်းကျန့်ရင်ကိုမွှန်းနေတဲ့အလားပဲ။ ပြီးတော့ ရိပေါ်ဒဏ်ရာတွေကိုမြင်တဲ့အချိန် ရှောင်းကျန့်ရဲ့ခံစားချက်တို့ကပိုလို့သေချာသွားတယ်။ သူရိပေါ်အပေါ် တော်တော်လေးနစ်နေခဲ့ပြီ။
ဘာလို့လုပ်တာလဲဆိုတဲ့မေးခွန်းကိုမေးလိုက်ချင်ပေမယ့် သူဆေးထည့်ပေးတဲ့အပေါ် နာတဲ့ပုံစံတစ်စက်မှမပြတဲ့ရိပေါ်က သူ့မေးခွန်းကိုကျိန်းသေပေါက်ကိုဖြေမှာမဟုတ်ဘူး။ ဒါဟာတကယ်နာကျင်ဖို့ကောင်းတယ်။ ရိပေါ်သူ့ကိုယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်ရင်ဘယ်လောက်ကောင်းမလဲ။
" အကိုဒီကိုဘယ်လိုသိပြီးရောက်လာတာလဲ "
" ကျိရန်ပြောပြတာ "
အသံကခပ်ဆတ်ဆတ်ဖြစ်သွားတယ်ဆိုတာ ရှောင်းကျန့်သိနေပေမယ့် ဘာမှထပ်ပြီးရှင်းပြမနေချင်တော့ဘူး။ ခေါင်းမာလွန်းပြီးမထုံတတ်တေးလုပ်တတ်တဲ့ ကိုယ့်ကိုကိုယ်ဖျက်စီးနေတဲ့ကောင်ငယ်လေးကတော့ ရှောင်းကျန့်ကိုငေးကြည့်နေတယ်။
" ကိစ္စရှိလို့လား "
" အခုအဲ့ဒါအရေးကြီးသလားရိပေါ် ဟမ် အရေးကြီးလားလို့! အခုငါ့ရင်ထဲ ဘယ်လိုခံစားနေရလဲမင်းမသိချင်ဘူးလား၊ ငါလေ ငါ... "
ထိန်းချုပ်မရတဲ့မျက်ရည်တွေက ရှောင်းကျန့်ပါးပြင်ပေါ်ကျဆင်းကုန်တယ်။ တင်းကြပ်နေတဲ့ရင်အစုံကိုဘယ်လိုများဖြေလျော့ရမလဲ။ ရှောင်းကျန့်ကို အခုလိုဖြစ်စေတဲ့တရားခံကောင်လေးကတော့ ရှောင်းကျန့်ပုခုံးပေါ်လက်လေးတစ်ဖက်တင်ပြီး ခပ်ဖွဖွပုတ်ပေးနေလေရဲ့။ ငိုချက်ရက်လက်တို့ဆိုသလို ရှောင်းကျန့်ကတော့ ပိုလို့ငိုမိတော့တာပဲ။ နွေးထွေးတဲ့လက်လေးကတော့ ရှောင်းကျန့်ပုခုံးကို ပုတ်တလှည့်ဖျစ်တလှည့်နဲ့ အားပေးနေလေတယ်။
YOU ARE READING
DOULEUR
Fanfictionအထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 From 23.1.2020 To 11.5.2020 』