GPSထဲကို အကို့အိမ်လိပ်စာထည့်ပြီးတာနဲ့ ဆိုင်ကယ်ဦးမှာဖုန်းကိုချိတ်ဆင်လိုက်တယ်။ မိနစ်သုံးဆယ်ကြာလမ်းကြောင်းကို ခဏကြာကြည့်ပြီးတာနဲ့ အမြန်ရောက်မယ့်လမ်းကြောင်းကိုဆွဲလိုက်ပြီး ကျေနပ်မှုအပြည့်နဲ့ပြုံးလိုက်မိတယ်။
ဆိုင်ကယ်ကိုအမြန်မောင်းလိုက်တော့ ခဏလေးအတွင်းမှာပဲ ရိပေါ်ကအကို့အိမ်နားရောက်လာတယ်။ အိမ်ရှေ့မှာငုတ်တုတ်ထိုင်ပြီး ဆေးလိပ်သောက်နေတဲ့မှုန်ပြပြအရိပ်ကို အဝေးတည်းကမြင်ပေမယ့် အဲ့ဒါကိုအကိုလို့မထင်ခဲ့ရိုးအမှန်။ အနားနီးမှပဲ အဲ့ဒီသူဟာအကိုဆိုတာ အံ့သြဖွယ်ကောင်းစွာနဲ့သိလိုက်ရတယ်။
အကိုကရိပေါ်ကိုတွေ့တော့ ထုံးစံအတိုင်း ယုန်သွားလေးတွေပေါ်အောင်ပြုံးပြပြီး မတ်တပ်ရပ်လာတယ်။ အမဲရောင်လက်ပြတ်အင်္ကျီနဲ့ ဘောင်းဘီအတိုဝတ်ထားတဲ့အကိုက ခြေသလုံးတွေကတော့ တကယ်သေးသေးလေးတွေ။
ခပ်ဆတ်ဆတ်လေးရိုက်ပစ်ချင်စရာ။
" အကို...ငါမြန်တယ်မလား "
" အင်း ... ဆိုင်ကယ်နဲ့ရိပေါ်ကိုမြင်တော့ စတွေ့ခဲ့တဲ့အချိန်ကိုတောင် သတိရသွားတယ်၊ အဲ့တုန်းက ငါ့ကားသာအရှိန်များနေရင် ... "
အကိုကဘာမှဆက်မပြောတော့ဘဲ စကားစကိုဖြတ်လိုက်ပြီး လက်ထဲကဆေးလိပ်ကိုပစ်ချလို့ ဖိနပ်ဦးထိပ်နဲ့ခြေပစ်လိုက်တယ်။ ရိပေါ်လည်း ဆိုင်ကယ်စက်ရှိန်သပ်ပြီးတာနဲ့ သော့ဖြုတ်ပြီး ဆိုင်ကယ်ပေါ်ကဆင်းကာ အကို့ဘေးယှဉ်ရပ်လိုက်တယ်။
" စိတ်ညစ်စရာရှိလို့လား ဆေးလိပ်သောက်နေတာက "
" စိတ်ညစ်စရာတော့မဟုတ်ပါဘူး၊ ဒီတိုင်း ဝေခွဲလို့မရလို့ ... တစ်စုံတစ်ယောက်က ဘာကိုရွေးချယ်သွားမလဲမသိပဲနဲ့ ချပြလိုက်လို့ဖြစ်ပါ့မလားလို့ "
ရိပေါ်ကဘာမှန်းမသိပေမယ့် သေချာနားမလည်ပေမယ့် ခေါင်းတော့ညိတ်လိုက်မိတယ်။ အကိုကရိပေါ်ဘက်ကိုစောင်းငဲ့ကြည့်လို့ပြုံးပြလာတယ်။ အဲ့ဒီအပြုံးက သာမာန်နဲ့မတူပဲ အနည်းငယ်နာကျင်စရာကောင်းနေတာကြောင့် ရိပေါ်ကဆက်မကြည့်နိုင်ပဲ အကြည့်လွှဲလိုက်တော့တယ်။
YOU ARE READING
DOULEUR
Fanfictionအထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 From 23.1.2020 To 11.5.2020 』