" အဲ့ဒီတော့ မင်းနဲ့စီနီယာက တွဲနေပြီပေါ့ ဟုတ်လားရိပေါ် "
ဟောက်ရွှမ်းရဲ့အသံမှာ အံ့သြမှုတွေအနည်းငယ်ပါပေမယ့် တည်တည်ငြိမ်ငြိမ်တော့ရှိနေဆဲပဲ။ ကျိရန်ကတော့ ခုံပေါ်ကိုလက်ချောင်းတွေနဲ့ တတောက်တောက်ခေါက်ရင်း သူ့အဖြေကိုစိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေတယ်။
အကိုကတော့ အသာအယာပြုံးရင်း သူ့ကိုခေါင်းလေးစောင်းပြီး နူးနူးညံ့ညံ့ကြည့်နေတယ်။ တစ်ယောက်ချင်းစီရဲ့မျက်နှာအမူအယာကို သေချာအကဲခတ်ပြီးတဲ့နောက်မှာ ဒီမေးခွန်းအတွက်အဖြေကို သူသေချာဖြေပေးချင်လာတယ်။ ပြီးပြီးရောမဖြေပစ်လိုက်ချင်ဘူး။
" မေးခွန်းပြောင်းသင့်တယ်၊ ငါနဲ့အကိုက တွဲတာမဟုတ်ဘဲ တစ်ယောက်ဘေးတစ်ယောက်ရှိနေဖို့ ရွေးလိုက်ကြတာ၊ ငါ့ဘက်ကတော့ အတ္တတွေအများကြီးပါနေတာပဲ၊ အကို့ကို ငါပျော်ဖို့အကြောင်းအရင်းတစ်ခုအနေနဲ့ရှိစေချင်တာ ၊ ငါ့ကြောင့်အကိုပျော်မလားမသိပေမယ့် ငါကတော့အကိုကြောင့်ပျော်နေတယ်ဆိုတာ အကို့ကိုသေချာသိစေချင်တယ် "
ကျိရန်ကသူ့အဖြေကိုဟက်ထိသွားတဲ့ပုံနဲ့ ရင်ဘတ်ကိုလက်ဝါးနဲ့အုပ်ရင်း အနောက်ဘက်ကိုအနည်းငယ်ယိုင်သွားတဲ့ပုံ ဟန်ဆောင်တယ်။ သူဖြေလိုက်တဲ့စကားထဲ အပိုစာလုံးတွေပါတယ်လို့မထင်မိတာမို့ ရှေ့ကနှစ်ယောက်ကို မျက်နှာပြောင်ပြောင်နဲ့ပဲ ပြုံးပြလိုက်တော့တယ်။
ပေါင်ပေါ်တင်ထားတဲ့လက်ဖဝါးတစ်ဖက်ကနွေးထွေးသွားတာမို့ အကို့ကိုလှည့်ကြည့်မိတော့ အကိုကသွားလေးတွေပေါ်အောင်ပြုံးရယ်ရင်း ရိပေါ်ရဲ့လက်ဖဝါးကိုပိုပြီးတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လာတယ်။ ဒီအခိုက်မှာဖြစ်ပေါ်လာတဲ့ခံစားချက်ကိုရိပေါ်ကအမည်မတပ်တတ်ပေမယ့် ဘေးနားမှာတစ်စုံတစ်ယောက်ရှိနေတာကတော့ ကြည်နူးဖို့ကောင်းပါတယ်။ စိတ်ချမ်းသာဖို့လည်းကောင်းပါတယ်။
" ငါတကယ်ဝမ်းသာတယ်ရိပေါ်၊ အရင်တည်းက စီနီယာ့ရဲ့ခံစားချက်ကို ရိပ်မိခဲ့ပေမယ့် မင်းလက်ကမ်းမပေးခဲ့မှာကို စိတ်ပူနေခဲ့တာ "
" ငါအရင်ကအဖြစ်အပျက်တွေမေ့နိုင်အောင် ကြိုးစားနေပါတယ်၊ ပြီးတော့ ငါကအကို့ကို သဘောကျတယ်လေ "
YOU ARE READING
DOULEUR
Fanfictionအထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 From 23.1.2020 To 11.5.2020 』