လင်းလိုက်မှိန်လိုက် ပြန်ပျောက်လိုက်ဖြစ်နေတဲ့ ဖုန်းမျက်နှာပြင်ကို ရိပေါ်ကခပ်အေးအေးလေးကြည့်နေမိတယ်။ ဘယ်နှခါပဲလင်းလာ လင်းလာ ဖုန်းမျက်နှာပြင်ထက်ကလူတစ်ယောက်ရဲ့နာမည်ကတော့ မပြောင်းလဲသွားဘူး။ ဒီလောက်အကြိမ်များစွာ ရိပေါ်မကိုင်ဘဲနေတာကိုသိရဲ့နဲ့ အဲ့လူဟာ ဇွဲမလျှော့နိုင်ဘဲခေါ်နေတုန်းပဲ။
ဒီတခါဖုန်းဝင်လာတော့လည်း ရိပေါ်ကမကိုင်မိပြန်ဘူး။ ဖုန်းမကိုင်လက်စနဲ့ တခါတည်းအဆက်အသွယ်ဖြတ်ပစ်လိုက်ရမလားလို့ပါ အတ္တကြီးကြီးနဲ့တွေးမိပြန်တယ်။ တစ်ဖက်လူရဲ့နာကျင်မှုတွေကို သူထည့်မတွက်ပဲနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်မယ်ဆိုရင်ရော။ အင်း...ဒီလိုဆို ရိပေါ်ကအရမ်းကိုနှလုံးသားမဲ့ရာကျသွားမယ်ထင်တယ်။
ဒီနေ့မှ pianoသံစဉ်ကို ရိပေါ်ကဖွင့်ထားတာမဟုတ်ဘဲ playlistပြောင်းထားတာကြောင့် အင်္ဂလိပ်သီချင်းတစ်ပုဒ်က ရိပေါ်ကြားလောက်ရုံ ခပ်တိုးတိုးပျံ့လွင့်လာတယ်။
-Don't cut me down throw me out leave me here to waste-
(အမှိုက်တစ်စလို ဒီနေရာမှာ ကိုယ့်ကိုမစွန့်ပစ်သွားပါနဲ့)သီချင်းကရှေ့ဆက်သွားနေပေမယ့် ရိပေါ်ရဲ့အသိကတော့ အဲ့ဒီတစ်ကြောင်းမှာတင်ရပ်တန့်သွားတယ်။ ရိပေါ်ကလည်း သီချင်းထဲကအတိုင်း အကို့ကို အမှိုက်လေးတစ်စလို စွန့်ပစ်ဖို့တွေးနေသူမဟုတ်ပါလား။
ရိပေါ်က အကို့တစ်ယောက်တည်းကိုတော့ လောဘတက်ကြည့်ချင်ပေမယ့် မဖြစ်နိုင်ဘူးထင်တယ်။ အတိတ်ကိုပြန်တွေးကြည့်တော့ အချစ်မခံချင်တော့ပြန်ဘူး။
- ရိပေါ် မင်းအိမ်ထဲမှာရှိတာ ငါသိတယ် ၊ ငါ့ကိုတံခါးဖွင့်ပေးပါ -
messageကိုဖတ်ပြီးပြီးချင်းမှာပဲ တံခါးကိုတဒုန်းဒုန်းထုသံတွေ ကြားလာရတယ်။ လက်ပတ်လေးနှစ်ခုကိုကိုင်ရင်း ရိပေါ်ကဝေခွဲမရပြန်ဘူး။ ဒီလူကိုတော့လောဘတက်ကြည့်လိုက်ရမလားလေ။
ဒါပေမယ့်...ဆိုတဲ့ နောက်ကအတွေးတွေကို ရိပေါ်ကထပ်မတွေးတော့ဘဲ အိပ်ယာပေါ်ကထလိုက်ရင်း တံခါးဆီကိုခြေလှမ်းကျဲကျဲနဲ့သွားမိတော့တယ်။ အဲ့တော့မှ အပြင်မှာမိုးရွာနေတာသိလိုက်ရတယ်။ အကို ထီးပါရဲ့လား။ မပါရင်တော့မိုးစိုကုန်တော့မှာပဲ။ ရိပေါ်ကစိုးရိမ်စွာနဲ့ တံခါးကိုအလျင်စလိုဖွင့်မိတော့..ထင်တဲ့အတိုင်းပါပဲ။ တံခါးဝမှာရပ်နေတဲ့အကိုက ကြွက်စုတ်လေးဖြစ်နေပြီ။
YOU ARE READING
DOULEUR
Fanfictionအထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 From 23.1.2020 To 11.5.2020 』