အကိုတို့မိသားစုလေးက ရိပေါ်ထင်ထားတာထက် နွေးထွေးတယ်။ ရိပေါ်က မားမရှိတော့တည်းက မရရှိနိုင်တော့တဲ့ မိသားစုမေတ္တာတွေကိုလည်း အကို့မိဘတွေဆီက ရရှိနေပါတယ်။ မကြည်ဖြူဘူးလို့ထင်ထားခဲ့တဲ့အကို့မိဘတွေက ရိပေါ်အကြောင်းတွေကို အကို့ဆီကနေအကြမ်းဖျင်းသိရှိပြီး ဂရုဏာသက်နေတာကြောင့် နွေးနွေးထွေးထွေးဆက်ဆံပေးကြတယ်။
အရင်ကသဘောမတူခဲ့တာတွေအတွက်လည်း အားနာနေလျက်ရှိပြီး ရိပေါ်ကိုအရိပ်တကြည့်ကြည့်နဲ့လည်းချစ်ခင်ပေးကြတယ်။ ကြာလာတော့ ဒီအချစ်တွေလက်ခံနေရတဲ့ရိပေါ်က ရှက်ပြုံးလေးပဲအမြဲပြုံးနေမိတော့တယ်။ မရတာကြာပြီဖြစ်တဲ့မိဘမိမေတ္တာတွေကို အများကြီးပြန်ရလာတော့ စိတ်ထဲမှာကြည်လည်းကြည်နူး ရှက်လည်းရှက်ပါပဲ။
အကိုကသူ့ကိုချစ်ပေးတယ်။
အကို့မိဘတွေကသူ့ကိုနွေးထွေးပေးတယ်။
ဒီချစ်စရာအသိုက်အမြုံလေးထဲကနေ
ရိပေါ်ကခဏလေးတောင် ထွက်မသွားချင်တော့ဘူး။" သားရေ ... ဒီမှာသားငယ်လေးပျင်းနေပြီထင်တယ် "
" အာ ... မပျင်းပါဘူး မားရဲ့၊ ရတယ် ... ရတယ် "
TV seriesတစ်ခုကြည့်နေကြတဲ့ အကို့အဖေနဲ့အမေဘေးမှာ ရိပေါ်ကကျုံ့ကျုံ့လေး။ လွတ်လွတ်လပ်လပ်မနေရတာတော့မဟုတ်ပေမယ့် မသိစိတ်ကအစ ရိပေါ်ကသတိနဲ့ဖြစ်နေမိတယ်။ သူသတိလက်လွတ်ဖြစ်ပြီး လုပ်လိုက်မိတဲ့အမူအကျင့်လေးတစ်ခုကိုတောင် အကို့မိဘတွေသဘောမကျဖြစ်သွားမှာကို ရိပေါ်ကအရမ်းစိုးရိမ်နေမိတယ်။
" လာပါပြီဗျာ ... မပျင်းတာရောဟုတ်ရဲ့လားရိပေါ်၊ လွတ်လွတ်လပ်လပ်ထိုင်လေ ... ဘယ်လိုဖြစ်လို့ ကျုံ့ကျုံ့လေးဖြစ်နေတာတုန်း "
အကိုက သစ်တော်သီးနဲ့ပန်းသီးစိတ်ထားတဲ့ပန်းကန်တွေကို စားပွဲပေါ်သေချာချပြီးတာနဲ့ ရိပေါ်ဘေးဝင်ထိုင်တယ်။ ကျုံ့ကျုံ့လေးဖြစ်နေတဲ့ခြေထောက်တွေက အခုတော့အကို့ရဲ့လက်ချက်နဲ့ ပြန်ပြီးကားသွားတယ်။ ပေါင်နှစ်ခုကိုကိုင်ပြီးဆွဲဖြဲလို့စနေတဲ့အကို့ကို ရိပေါ်ကအံကြိတ်ပြီး မျက်မှောင်ကြုံ့ပြလိုက်တယ်။
" ဘယ်လိုဖြစ်လို့ လိုက်စနေတာလဲ "
မိဘတွေရှေ့မှာမို့ ပိုပြီးကလိနေသလားထင်ရလောက်အောင်ပဲ အကို့လက်တွေကရိပေါ်ကိုယ်ပေါ်မှာရှိနေတုန်းပဲ။ ခါးကိုသိုင်းဖက်ထားတဲ့လက်က တစ်ချက်တစ်ချက် ဗိုက်ကိုလည်းလာပွတ်နေသေးတယ်။ ရိပေါ်ပိုပြီးမျက်မှောင်ကြုံ့လာလေ အကိုကပိုပွတ်လေပဲ။
YOU ARE READING
DOULEUR
Fanfictionအထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 From 23.1.2020 To 11.5.2020 』