တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို
ပျော်ရွှင်စေဖို့ ဆန္ဒရှိတယ်။
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို
မျက်ရည်မကျစေဖို့ ဆန္ဒရှိတယ်။
စစ်မှန်တဲ့ဆန္ဒကိုယ်စီရှိတဲ့သူတို့နှစ်ယောက်က
ကိုယ်ယုံကြည်ရာလမ်းကိုကိုယ်တိုင်လျှောက်လှမ်းကြတယ်။.........................
မိတ်ဆက်ပွဲတုန်းက အကိုပြောခဲ့တဲ့ ပင်မဆောင်အခန်းနံပါတ်၁၀၃ကို ရောက်ဖို့နီးလာလေလေ ဒီလမ်းကိုရွေးချယ်မိတဲ့အတွက် နောင်တတရားကင်းလေလေပါပဲ။ ပျော်ရွှင်ခြင်းဆိုတဲ့အရာကို လျှောက်လှမ်းလာတဲ့လမ်းမှာ ရိပေါ်က တက်တက်ကြွကြွနဲ့ကိုကြဲချတယ်။ ပြီးတော့ အကို့ကိုနှစ်သိမ့်ဖို့ရာအတွက် ယုံကြည်ချက်တွေလည်း ပြည့်ဝနေတယ်။
အခန်းရှေ့ကနေ အထဲကိုဝေ့ဝဲကြည့်မိတဲ့အချိန် ပြန်စူးစမ်းလာတဲ့မျက်ဝန်းတွေကိုလျစ်လျူရှုပစ်ပြီး အနောက်ဆုံးထောင့်ကအရိပ်လေးဆီပဲ အကြည့်တွေပို့ပစ်တယ်။ ပုံမှန်နဲ့မတူအကိုကမှေးမှိန်နေတယ်။ ထူးထူးခြားခြား အဲ့ဒီပုံရိပ်လေးက ရိပေါ်နဲ့တူနေတယ်။ ဆရာမမဝင်သေးတာကြောင့် ရိပေါ်ကအခန်းထဲဝင်သွားပြီး အကို့ဆီသွားဖြစ်တယ်။
" အကို ငါလာတယ် "
အားတင်းပြီးပြောလိုက်တဲ့ဒီစကားမှာ အကိုနွေးထွေးသွားပါစေ။ ဘယ်သူတစ်ဦးတစ်ယောက်ဆီမှမရောက်ခဲ့တဲ့ ပိုလျှံနေတဲ့မေတ္တာတွေက အကို့ဆီစီးဆင်းဖို့ရည်ရွယ်နေတယ်။ ဘာလောဘမှမရှိဘဲ သူပျော်ရွှင်ဖို့ရာပဲဦးတည်ပြီး သူ့ဆီလာခဲ့တဲ့အကို့ဆီ သူကနွေးထွေးခြင်းတွေကို ဖြန့်ကျက်ပေးချင်မိပါတယ်။ သူတတ်နိုင်သလောက်လေးပေါ့။
ရိပေါ်က အကို့ကိုအလုံးစုံလက်မခံနိုင်သေးဘူး။
ဒါပေမယ့်လည်း လက်ခံပေးချင်နေတယ်။" ရိပေါ် "
စိုစွတ်နေတဲ့မျက်ဝန်းတွေကိုမကြိုက်ပေမယ့် အဲ့ဒီမျက်ဝန်းတွေထဲမှာ အံ့အားတသင့်နဲ့ပျော်ရွှင်သွားတဲ့အရိပ်အယောင်တွေရှာတွေ့တာကြောင့် ရိပေါ်က ဖြူဖြူစင်စင်နဲ့ စိတ်သက်သက်သာသာပြုံးမိသွားတယ်။ ဘာရယ်မဟုတ်ပြုံးမိသွားတာဆိုပေမယ့် အကိုကငေးကြည့်နေတော့ ဒီတခါ လည်ပင်းပွတ်ပြီး နားရွက်နီရသူက သူဖြစ်နေခဲ့တယ်။
YOU ARE READING
DOULEUR
Fanfictionအထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 From 23.1.2020 To 11.5.2020 』