ပြိုလဲတော့မယောင်စိတ်တွေနဲ့အတူ ပိတ်သွားတဲ့တံခါးကိုကြည့်ပြီး ရှောင်းကျန့်ကကျန်ရစ်နေခဲ့ရပါတယ်။ ဒီလိုကူကယ်ရာမဲ့တဲ့ခံစားချက်မျိုး တစ်ခါမှမရဖူးတဲ့ရှောင်းကျန့်ဟာ ရင်ဘတ်ကိုဖိဆုပ်လို့ စာကြည့်စားပွဲထက် ခေါင်းမှောက်ချလိုက်တော့တယ်။
ရိပေါ်ကိုမဆုံးရှုံးရပါသေးပဲ ဘာလို့ဒီလိုမျိုးခံစားနေရပါလိမ့်။
ရှောင်းကျန့်ကိုက ရိပေါ်နဲ့ပတ်သက်ရင် အကဲပိုလွန်းနေတာထင်တယ်။ထွက်သွားခါနီးကြည့်သွားတဲ့ရိပေါ်ရဲ့အကြည့်တွေကို ရှောင်းကျန့်ကနားလည်ချင်နေတယ်။ အဲ့ဒီအကြည့်တွေမှာ 'စိတ်မပူပါနဲ့ ... ကျွန်တော်ပြန်လာပါ့မယ်' လား ... ဒါမှမဟုတ် 'ကျွန်တော့်အတိတ်ကိုပြင်ဆင်ဖို့ အကို့ကိုနှုတ်ဆက်ခဲ့ပါတယ်' လား ။
အတိတ်ထဲမှာမွန်းကြပ်ပြီး ကိုယ့်ကိုကိုယ်ဒဏ်ရာရအောင်လုပ်နေတဲ့ရိပေါ်ကြောင့်သာ ဟွီရန်ကိုရိပေါ်ရှေ့ခေါ်လာခဲ့ရပေမယ့် နှစ်ယောက်သားတွေ့တဲ့အချိန် မျှော်လင့်ချက်တွေထားပြီး ရိပေါ်ကိုတမ်းတနေဦးမယ့် ဟွီရန်ပုံစံကိုတော့ ရှောင်းကျန့်က တွေးမကြည့်နိုင်သေးပါ။ အရင်တခါ ရိပေါ်အကြောင်းတွေပြောပြတုန်းက ဟွီရန့်မျက်ဝန်းထဲကအကြည့်တွေကို ရှောင်းကျန့်ကမေ့ပစ်လို့မရနိုင်သေးဘူး။
ဟွီရန့်ထက်အရင် ရိပေါ်ကိုတွေ့ခဲ့ရင်ကောင်းမယ်။
A4စာရွက်ပေါ် ခဲတံနဲ့ဟိုခြစ်ဒီခြစ်,ခြစ်လိုက်တော့ ဆေးရုံကုတင်ထက်က ဖြူဖျော့နေတဲ့ပုံရိပ်လေးက အသွင်သဏ္ဍာန်ပီပြင်လာတယ်။ ပုံကိုပိုပြီးပေါ်လွင်အောင်ထပ်မံခြစ်လိုက်တော့ ဖျော့တော့တော့နဲ့မှိုင်းညှို့နေတဲ့မျက်ဝန်းလေးက အသက်ဝင်လာတယ်။ အဲ့တုန်းကနားရွက်နီနေတဲ့သူ့ကိုကြည့်ပြီး ခေါင်းမှောက်ချလိုက်တဲ့ပုံရိပ်လေးကိုလည်း ပြန်သတိရလာတယ်။ လက်ခံဖို့ခက်ခဲစွာပဲ ဟွီရန်နဲ့ရှောင်းကျန့်ရှက်ရင် နားရွက်တွေနီလာတတ်တာတခုကတူနေခဲ့တယ်။
ငါမင်းကိုအဲ့တည်းကသဘောကျခဲ့တာရိပေါ်ရာ ... ။
- ရှောင်းကျန့် မင်းမလာသေးဘူးလား၊ ငါတို့တွေလူစုံတော့မယ် ... မင်းပဲလူစုခိုင်းထားပြီး အခုဘာလို့နောက်ကျနေရတာလဲ -
YOU ARE READING
DOULEUR
Fanfictionအထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 From 23.1.2020 To 11.5.2020 』