🌼THRE🌼
"KyungSoo ရေ ဒီနေ့ကျောင်းမသွားပဲ တီလေးနဲ့ အပြင်ခဏလိုက်ခဲ့ပေးပါဦး"
ကျောင်းသွားဖို့အတွက် အကုန်ပြင်ဆင်လို့ပြီးတော့မှ တီလေးက ဧည့်ခန်းမှာထားမယ့်
ပန်းအိုးထိုးနေရင်းပြောနေတာမို့လို့ KyungSoo လွယ်အိတ်ကို sofa ပေါ် ပစ်တင်လိုက်သည်။
ကျောင်းတက်ရတာက အချိန်တွေသာကုန်သွားတယ် အခုထိ သူငယ်ချင်းတောင်မရှိတာမို့လို့
တစ်ယောက်ထဲဖြစ်နေတဲ့ KyungSoo အတွက်
ကျောင်းမသွားရလေ ပိုကောင်းပင် ..."အခုထိ သူငယ်ချင်းမရသေးဘူးလား ..
တီလေးပြောပါတယ် အရှက်အကြောက်အရမ်းကြီးတဲ့စိတ်ကိုပျောက်အောင်လုပ်ပါဆိုတာကို "တီလေးက KyungSoo အကြောင်းကိုသိတဲ့ပီပီ
သူ့ ကိုကြည့်ပြီး ခေါင်းတယမ်းယမ်းနဲ့
ပန်းအိုးသာဆက်ထိုးနေသည်။"Llia Ilwol " ဆိုတဲ့ သစ်သားပေါ်မှာထွင်းထားတဲ့ စာလေးနဲ့ ပန်းခက်တွေပါတဲ့ ဆိုင်းဘုတ်လေးကိုမြင်တော့ ဒါ တီလေးဖွင့်ထားတဲ့ ပန်းဆိုင်ဆိုတာကို Kyungsoo သိလိုက်တယ် ...
ဖွင့်ထားတာ ၁ နှစ်လောက်ပဲရှိပေမယ့် နာမည်ကြီးသည်။ ပန်းတွေအပေါ်ထားတဲ့ တီလေးရဲ့ စိတ်က ရောင်ပြန်ဟပ်တယ်လို့ပဲ Kyungsoo က ယူဆတယ်။
တီလေးက သူဖွင့်ထားတဲ ပန်းဆိုင်ကို ရောက်ဖူးတယ်ရှိအောင် ခေါ်တာာမို့လို့ KyungSoo က ရောက်ရောက်ချင်း ပန်းတွေအကုန်လုံးကို လိုက်ကြည့်မိတယ် ....
"ချွင်"
ဆိုင်အဝင်ဝမှာချိတ်ထားတဲ့ ပန်းခြူလုံးလေးကြောင့် Kyungsoo ပန်းတွေကိုကြည့်နေရင်းကနေ အာရုံလွှဲလိုက်မိတယ် ...
"ဟင်"
ဝင်လာတဲ့သူက KyungSoo နဲ့ ကျောင်းတံဆိပ်ချင်းအတူတူပဲမို့လ်ို့ Kyungsoo က သေသေချာချာကြည့်နေမိတယ်။
"KAI"
ရင်ဘက်နားက name tag လေးကို ကြည့်ရင်း KAI ဆိုတဲ့ နာမည်ကိုမြင်တော့ KyungSoo ပိုပြီးတော့တောင် အံ့သြသွားသည်။
Name tag မှာ မျိုးရိုးနာမည်ပါလေ့ရှိတာကို သူ့ကျမှ KAI ဆိုတဲ့ စာလုံးပဲတွေ့တာမို့လို့ Kyungsoo အနည်းငယ်တော့ စဉ်းစားရခက်သွားသည်။
YOU ARE READING
The Years I Love You The Most [Z×U]
Fanfictionကျွန်တော် သူ့ကိုချစ်သော ရက်၊လ၊နှစ် တွေ ~~~ We have nothing ~ But we have beautiful love ❣💕 #Kaisoo #Kadi