Slowly[Z×U]

1K 136 7
                                    

🌼FOUR🌼

ကျောင်းတက်ရတဲ့ရက်တွေက KyungSoo အတွက်တော့မလွယ်ကူ ...

အမြဲတမ်းတစ်ယောက်ထဲဖြစ်နေတဲ့ KyungSoo က ဘယ်သူ့ကိုမှ သွားမရောသလို
ဘယ်သူကမှလဲ သူ့ဆီကိုမလာကြ ...

ဒီလိုနဲ့ပဲ ပထမနှစ်ဝက်ပြီးဆုံးခါနီးဖြစ်လာသည်။

"ဟား ဟား ဟား "

KyungSoo စာလုပ်နေရင်းနဲ့ သူထိုင်တဲ့အတန်းရဲ့အနောက်ဖက်ကကြားရတဲ့အသံတွေကြောင့်
နားကြပ် တပ်ဖို့ပြင်လိုက်တယ် ...

"ဟား ဟား "

KyungSoo ရဲ့လက်တွေက လေထဲမှာ ခဏ
ရပ်တန့်သွားခဲ့သည်။ KyungSoo ရဲ့ လက်ဖြူဖြူလေးတွေကလဲ အဖြူရောင်နားကြပ်လေးကိုဆုပ်ကိုင်ထားလျက် ...

ဆက်တိုက်ထွက်လာတဲ့ ရယ်သံတွေကိုနားစွင့်မိ၏။ အသံတစ်ခုကို သူရင်းနှီးနေတာမို့လို့ ပိုပြီးအာရုံစိုက်ကာနားထောင်မိတယ် ...

မနေနိုင်တော့တဲ့အဆုံး KyungSoo က မသိမသာနဲ့ အနောက်ကိုလှမ်းကြည့်လိုက်သည်။ လူတွေအုံနေတဲ့အပြင် နောက်ကျောပေးထားတာကြောင့် ရုပ်တွေကိုသေချာမမြင်ရပေ။

ထိုလူအုပ်ကြားထဲကနေ တစ်ချက်တစ်ချက်ပေါ်လာတတ်တဲ့ ရယ်သံကို KyungSoo လိုက်ဖမ်းနေမိသည်။

"ဟိုလူ ... "

KyungSoo အသံကိုဖမ်းမိသွားတဲ့အဆုံး လူကြားထဲကနေ မြင်လိုက်ရတဲ့ ဆံပင်ပန်းရောင်လေးကြောင့် သေချာသွားခဲ့ရသည်။

လူကိုအတည်ပြုပြီးသွားတော့ အရှေ့ကိုပြန်လှည့်ပြီး ရေးလက်စစာကိုဆက်ရေးနေလိုက်၏။

KyungSoo က အတန်းထဲမှာ စာလုပ်တဲ့အခါတိုင်း နားကြပ်တပ်လေ့ရှိပေမယ့် ဒီတစ်ခါတော့ နားကြပ်လေးကို လွယ်အိတ်လေးထဲထည့်ထားလိုက်တယ် ...

အဲ့နေ့က မှတ်မှတ်ရရပဲ
KyungSoo က အတန်းထဲက ကျောင်းသားတစ်စုရယ်နေတဲ့အသံတွေကိုနားထောင်ရင်း စာလုပ်နေခဲ့တယ် ...

🌼🌼🌼

"20,21,22,23,24,25"

အသစ်ရောက်လာတဲ့ ပန်းပင်လေးတွေကိုရေနေရင်း တစ်ခုခုကို သတိရသွားလို့ ပြက္ခဒိန်ကိုညကည့်မိသည်။

The Years I Love You The Most [Z×U]Where stories live. Discover now