🌼FIFTEEN🌼
2006 ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ~
အေးခဲမတတ် အေးနေတဲ့ ရာသီဥတုထဲမှာ ကောင်လေးတစ်ယောက်ကတော့ ပန်းခြံက ခုံတန်းလေးမှာထိုင်နေခဲ့တယ် ~
ရေခဲအမှတ်အောက်ကို ၂၀ ဒီဂရီထိ ရောက်နေခဲ့တဲ့နေ့မှာ အပေါ်ဝတ်ပါးပါးလေးတစ်ခုပဲ ဝတ်ထားတဲ့ ကောင်လေးကတော့ ဘာမှမဖြစ်သလို ထိုင်နေ၏၊
"ဒီမှာ"
ခေါ်သံတစ်ခုဆီကို မော့ကြည့်မိတော့ မျက်နှာလေးသာမြင်ရတဲ့ သူနဲ့ရွယ်တူကောင်လေးတစ်ယောက် ~
"မအေးဘူးလား ငါမင်းကို ကြည့်နေတာကြာလှပြီ"
နှာခေါင်းလေးတစ်ရှုံရှုံ့နဲ့ သူ့ကိုကြည့်ကာ ပြောနေတဲ့ ပြောနေတဲ့ကောင်လေးကို သူသေချာကြည့်မိသည်။
"ရော့ ... ဒီဟာလေးဝတ်ထား "
ဘာမပြောညာမပြောနဲ့ မာဖလာလေးရယ် လက်အိတ်လေးရယ်ကိုချွတ်ပေးပြီးတော့
သူ့ကိုဝတ်ပေးလာတဲ့ ကောင်လေးကို သေသေချာချာကြည့်နေမိသည်။အရှိန်နဲ့တဖွဲဖွဲကျနေတဲ့ နှင်းတွေက ထိုကောင်လေးပေါ်မှာ ဖုံးလွှမ်းနေတယ် ...
"ပြီးတော့ ဒီမှာ ကော်ဖီ "
"နွေးနွေးထွေးထွေးနေနော် ... ငါသွားတော့မယ် "
ကော်ဖီခွက်လေးကို လက်ထဲထည့်ပေးပြီး တာ့တာပြသွားတဲ့ ထိုကောင်လေးရဲ့နောက်ကို အမြန်လိုက်သွားပြီး ဆွဲထားမိလိုက်သည်။
"ဟင် ... ဘာလို့လဲ"
"နာမည် ... နာမည်က ဘာလဲ "
မျက်တောင် စိပ်စိပ်လေးတွေက နှင်းမှုန်တွေကြောင့် စိုရွဲသလိုဖြစ်နေတယ် ~
လေတစ်ချက်တိုက်လိုက်တော့ သူ့ခန္ဓာကိုယ်လေးကလဲ တုန်သွားသည်။
"Eweee အေးလိုက်တာ "
လက်နှစ်ဖက်ကို အာငွေ့ပေးပြီး ပါးနှစ်ဖက်မှာ ကပ်ထားတဲ့ ကောင်လေးရဲ့အမူအရာတွေကို အသေးစိတ်လိုက်မှတ်ထားမိသည်၊
"ငါ့ နာမည်က KyungSoo ပါ ... Do KyungSoo "
နာမည်မိတ်ဆက်ပြီးတော့ ထိုကောင်လေးက ကျွန်တော့်ကိုရယ်ပြလာတယ် ~
YOU ARE READING
The Years I Love You The Most [Z×U]
Fanfictionကျွန်တော် သူ့ကိုချစ်သော ရက်၊လ၊နှစ် တွေ ~~~ We have nothing ~ But we have beautiful love ❣💕 #Kaisoo #Kadi