🌼EIGHT🌼
"ကြိုဆိုပါတယ် "
ဆိုင်ဖွင့်တာ နာရီဝက်လောက်ပဲရှိသေးပေမယ့် ခ်ျိတ်ဆွဲထားတဲ့ ခြူလုံးလေးရဲ့ အသံကြောင့် ဝယ်သူလာပြီဆိုတာကို သိလိုက်သည်။
လုပ်လက်စတွေကိုပစ်ထားပြီးတော့ reception ကိုအပြေးလာကာ နှုတ်ဆက်စကားဆိုလိုက်တယ်။
"မတွေ့ရတာကြာပြီနော် KyungSoo "
ရင်းနှီးနေတဲ့အသံကြောင့်ပဲ KyungSoo ခင်မျာ အထိတ်ထိတ်အလန့်လန့်နဲ့ ထိုလူကိုကြည့်လိုက်သည်။
"မင်း ... "
"အင်း .. ငါလေ Jaemin "
Jaemin ဆိုတာ *Wallflower* ဆိုပြီး သူ့ကိုအမြဲစနေတဲ့ အဖွဲ့ထဲကခေါင်းဆောင်
လွန်ခဲ့တဲ့ ၄ နှစ် KyungSoo ကျောင်းကထွက်လာပြီးကထဲက သူတို့နဲ့ဝေးရာကိုခြေရာဖျောက်ခဲ့တာ
နေသားကျသွားခါနီးမှ မျက်စိရှေ့မှအကုန်လုံး
ပေါ်လာမို့လို့ KyungSoo အတွက် အရမ်းစိတ်ပင်ပန်းရတယ်၊တစ်ချက်ယိုင်သွားပေမယ့် ဟန်မပျက်အောင်လို့ ခုံကိုအားယူကိုင်ထားပြီး မျက်နှာကိုတည်လိုက်သည်။
"ဘာကိစ္စလဲ"
"ပန်း ... ပန်းလာဝယ်တာ "
"မင်းက .. ပန်းလာဝယ်တာပေါ့ .. "
မျက်နှာတည်နဲ့ မေးနေတဲ့ KyungSoo ရဲ့မေးခွန်းမှန်သမျှကို သူက ပြုံးပြုံးလေးနဲ့ပဲဖြေနေတာမို့လို့ ကြာလာတော့ KyungSoo မှာ ထူးဆန်းရပြန်တယ် ...
မသိရင် ကျောင်းတုန်းက အနိုင်ကျင့်ခဲ့တဲ့သူက သူ မဟုတ်ခဲ့သလိုလို
"မင်း ငါ့ကို စိတ်တိုပြီး ဒေါသထွက်နေမယ်ဆိုတာ ငါသိပါတယ် ... ဒါပေမယ့် ငါလဲမတတ်နိုင်ခဲ့လို့ပါ "
"ငါ အရင်ကအကြောင်းတွေမပြောချင်ဘူး ..
ဒီတိုင်း မင်းကပန်းဝယ်တဲ့သူ ငါက ဆိုင်ရှင် ဒီလိုပဲ မသိတဲ့သူတွေလိုနေရအောင် ... ""အချိန်တန်တဲ့အခါ သိရမှာပါ ... "
"ဘာကိုပြောချင်တာလဲ Jaemin"
"မဟုတ်ပါဘူး ... ဘာမှမဟုတ်ဘူး
ဒါနဲ့ အခုတလော မင်းသဘောကျနေတဲ့ ပန်းရှိလား "
YOU ARE READING
The Years I Love You The Most [Z×U]
Fanfictionကျွန်တော် သူ့ကိုချစ်သော ရက်၊လ၊နှစ် တွေ ~~~ We have nothing ~ But we have beautiful love ❣💕 #Kaisoo #Kadi