🌼TWENTY FIVE🌼
ဒီနေ့JongIn က ဆေးရုံသွားပြရမည်ဖြစ်တာကြောင့် KyungSoo မှာ အရိပ်တကြည့်ကြည့်နဲ့ JongIn နားကနေမခွာ။
"စိတ်ကိုအေးအေးထားပါ .. ကိုယ်ဘာမှမဖြစ်ဘူးလေ "
JongIn က အဲ့လိုပြောလေ KyungSoo မှာ ပိုငိုချင်လေ ~
ဆေးရုံကနေပြန်လာတိုင်း သိသိသာသာကို ပင်ပန်းနေတတ်တဲ့ JongIn ရဲ့ပုံစံကို
Screen ခြားပြီးမြင်နေခဲ့တာမနည်းတော့ ~အဲ့လိုအခါတိုင်း KyungSoo မှာ စိတ်မောလူမောဖြစ်ရသည်။
"JongIn ... "
"ဟင် ပြောလေ "
"အဲ့တာမလုပ်ပါနဲ့တော့လား "
"ဘာကိုလဲ ကိုယ့်အချစ်ရဲ့ "
"ကုထုံးလေ .. မလုပ်နဲ့တော့ ငါ ...မင်းပင်ပန်းတာကို မမြင်ရက်ဘူး "
KyungSoo က မျက်ရည်တွေဝဲပြီးဆိုလေတော့ JongIn က အလိုက်သင့်လေး ဖက်ထားပေးသည်။
"ဒီနှစ်တွေမှာ ကိုယ် ခဏခဏစဉ်းစားခဲ့တယ် ...
ဘာမှထူးမလာသေးတဲ့အရာတစ်ခုကို လက်လျှော့ပစ်လိုက်ရမလားဆိုပြီး တကယ်ကို
စဉ်းစားမိခဲ့တယ် .... "JongIn ပြောသမျှကိုတော့ KyungSoo ဟာ JongIn ကို ပြန်လည်ဖက်တွယ်ရင်းနဲ့ ငြိမ်ငြိမ်
လေးနေကာ နားထောင်နေ၏။"ဒါပေမယ့် ကိုယ့်အချစ်ဆီက အဖြေကိုရတော့
ဆုံးဖြတ်ချက်ချလိုက်တယ် .... အဆုံးထိသွားမယ်ဆိုပြီး ... "JongIn စကားဆုံးတော့ KyungSoo ဟာ ရင်ခွင်ထဲကနေ ထွက်လိုက်သည်။ JongIn ကတော့ သူ့ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားဆဲ~~~
"ကိုယ် သိချင်တယ် ... နှင်းတွေကျလို့ အေးနေတဲ့အခါ ကိုယ့်အချစ်ကို ဖက်လိုက်ရင် နွေးထွေးသွားတယ်ဆိုတဲ့ခံစားမှုမျိုး ~ ကိုယ့်အချစ်ကိုထိလိုက်တာနဲ့ နေမကောင်းဖြစ်နေမလား ၊ အေးနေမလား ... နေမကောင်းဖြစ်ရင် ကိုယ်ပဲအရင်ဆုံးသိရပြီးတော့ စောင့်ရှောက်ပေးချင်တယ်။
အေးနေရင်လဲ နွေးထွေးအောင်လုပ်ပေးချင်တယ် ... "
YOU ARE READING
The Years I Love You The Most [Z×U]
Fanfictionကျွန်တော် သူ့ကိုချစ်သော ရက်၊လ၊နှစ် တွေ ~~~ We have nothing ~ But we have beautiful love ❣💕 #Kaisoo #Kadi