🌼SEVENTEEN🌼
တုံ့နှေးနှေး ခြေလှမ်းတွေနဲ့ Jaemin ရှိရာ အခန်းဆီကို ဦးတည်ကာ သွားနေမိသည်။
"ငါက မလာတော့ဘူးလို့တောင်ထင်နေတာ "
Jaemin က သူ့ကိုမြင်မြင်ချင်း ခနဲ့သလိုပြောသည်။ ငါမင်းတို့နဲ့နောက်ထပ်မတွေ့ချင်ဘူးလို့ ပြောထားပြီး ဘာလို့လာတာလဲဆိုတဲ့သဘောနဲ့ သူ့ကိုမေးတာပင်။
"ဘယ်အချိန်ကတည်းကလဲ"
KyungSoo က သူ့ရှေ့မှာ ထိုင်လိုက်ပြီး မေးလိုကိသည်။ သူကတော့
စာရွက်တွေလှန်နေရင်းကနေ KyungSoo ကို မော့ကြည့်လေ၏။ ဘာကိုဆိုလိုတာလဲ ဆိုတဲ့သဘောနဲ့ ~"ဘာလို့ ငါ့ကိုဖုံးကွယ်ထားတာလဲ"
"မင်းဘာကိုပြောနေလဲဆိုတာ ငါနားမလည်ဘူး... ပြီးတော့ ဒီကိစ္စတွေကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့ ... မင်းလဲ ငါ့ကိုတွေ့ချင်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား "
စာရွက်တွေကို တစ်ရွက်ပြီး တစ်ရွက်လှန်နေတဲ့ Jaemin ကိုကြည့်ပြီး KyungSoo အသက်ရှူ မဝဖြစ်လာသည်။ တစ်ခုခုက တင်းခံနေသလိုမျိုး ~
"ဘာလို့ မပြောခဲ့တာလဲ ... JongIn အကြောင်းကို "
အသက်ကိုခပ်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ပြီးတဲ့နောက် နှစ်ကိုယ်ကြားရုံမျှ အသံနဲ့ပြောလိုက်သည်။
ဆေးစာရွက်စစ်နေတဲ့ Jaemin ရဲ့ လက်တွေဟာ ချက်ချင်းပဲရပ်သွားပြီးတော့ KyungSoo မျက်ဝန်းတွေကို သေချာစူးစိုက်ကြည့်နေ၏။
"ဘာလို့ ဖုံးကွယ်ထားတာလဲ"
မျက်ရည်တွေဝေ့လာကြောင့် အမြန်သုတ်လိုက်ပြီး Jaemin ကို လိုရင်းမေးလိုက်သည်။
Jaemin က ခဏတော့ အံ့သြသွားပေမယ့် ဘာမှမဖြစ်သလိုမျိုး အမူအရာဖြင့် KyungSoo ရဲ့ ဆေးစစ်ချက်ရလဒ်တွေကို ပြန်ြကည့်နေသည်။"သိတော့ရော ဘာလုပ်မှာလဲ ... မင်းနဲ့ JongIn က အခု ဘာမှမသက်ဆိုင်တော့ဘူးမလား ... "
Jaemin ရဲ့စကားက KyungSoo ရဲ့ အရှိုက်တည့်တည့်ကို ထိစေတာမို့လို့ KyungSoo ခေါင်းကိုသာ ငုံ့ထားမိသည်။
"ဆေးစစ်တာက ၃ ခုကျန်သေးတယ် ... ကျန်တာကတော့ အဆင်ပြေတယ် ... ကျန်တဲ့အဖြေကို လာမယူနဲ့တော့ .. ငါ ပို့ပေးလိုက်မယ်
မင်းလဲ ငါ့မျက်နှာကို မမြင်ချင်တာနဲ့ အတော်ဖြစ်သွားတာပေါ့"
YOU ARE READING
The Years I Love You The Most [Z×U]
Fanfictionကျွန်တော် သူ့ကိုချစ်သော ရက်၊လ၊နှစ် တွေ ~~~ We have nothing ~ But we have beautiful love ❣💕 #Kaisoo #Kadi