Everyday [Z×U]

669 104 6
                                    

🌼TWENTY FOUR🌼

မီးကင်ထားတဲ့ ပေါင်မုန့်နံမွှေးမွှေးလေးရယ်
နှပ်ထားတဲ့ ကော်ဖီနံ့သင်းသင်းလေးရယ်ကြောင့် KyungSoo ရဲ့ မျက်ဝန်းတွေဟာ ပွင့်လာခဲ့တယ်။

ပြတင်းပေါက်ကနေ ခေါင်းလေးပြူပြီး ကြည့်မိတော့ တစ်ဝက်မျှသာမြင်ရသေးတဲ့ နေမင်းဆီကနေ ဖြာကျနေတဲ့ နေရောင်ခြည်နွေးနွေးလေးတွေက အိမ်လေးတွေပေါ်မှာ။ အိပ်ရာထထခြင်း စိမ်းစိုနေတဲ့အပင်လေးတွေမြင်ရတဲ့အပြင် ဆိတ်ငြိမ်တဲ့အတွက် KyungSoo တကယ်ကို သဘောကျသည်။

ခပ်တိုးတိုးလှမ်းလာတဲ့ ခြေသံကိုကြားတော့ လျင်မြန်စွာပဲ စောင်ထဲကိုပြန်တိုးဝင်နေလိုက်သည်။
ဘယ်ဘက်ခြမ်းဆီကနေ အိကျသွားတဲ့ ခံစားမှုကြောင့် JongIn ဝင်ထိုင်နေမှန်း သိလိုက်ရသည်။
ဘာလုပ်မလဲဆိုတာကို သိချင်တာမို့လို့ မျက်လုံးလေးကိုသာ ဆက်မှိတ်ရင်း အိပ်ချင်ယောင်ဆောင်နေခဲ့သည်။

နွေးကနဲဖြစ်သွားတဲ့ နဖူးပြင်ကြောင့် KyungSoo ရင်ထဲမှာ အဝါရောင် လိပ်ပြာလေးတွေဖြတ်ပြေးသွားသလိုလို ခံစားရပါ၏။

ရာသီဥတုက အရမ်းနွေးထွေးလွန်းတဲ့အပြင် ချစ်ရသူဆီက ရလိုက်တဲ့ မနက်ခင်းအနမ်းလေးကြောင့် သူဟာကံအကောင်းဆုံးသူပါပဲဆိုပြီး
မာန်တောင်တက်ချင်နေပါ၏။

" လိုချင်တာပေးပြီြး့ပီဆိုတော့ ထရတော့မယ်နော် ကိုယ့်အချစ် "

ဆံပင်လေးကို ဖွဖွလေးသပ်ပေးရင်းနေရင်းကနေ ဆိုလိုက်တာကြောင့် KyungSoo ရဲ့
မျက်လုံးဝိုင်းဝိုင်းလေးတွေကဖွင့်လာလေသည်။

"ဘာပေးတာလဲ "

"ခုနက အနမ်းလေးပါဗျာ... အိပ်ချင်ယောင်ဆောင်နေတဲ့ ကိုယ့်အချစ်ကို အမြန်ဆုံးထအောင်လို့ "

"မင်းနော် "

JongIn ကို မျက်မှောက်ကြုတ်ပြလိုက်တော့ သဘောတကျရယ်ပြီး နောက်ထပ်တစ်ကြိမ် အနွေးဓာတ်ကို ထပ်ပေးလေ၏။ ဒီတစ်ခါတော့ ပါးပြင်နှစ်ဖက်မှာ ~

"မြန်မြန်မျက်နှာသွားသစ်တော့ ... မနက်စာ အဆင်သင့်ဖြစ်နေပြီ "

"အိုကေ .... "

စောင်တွေကို ဖယ်ထုတ်ပြီး မတ်တပ်ရပ်လျက်ဖြင့် ကုတင်ပေါ်ကနေ ဆင်းလိုက်သည်။

The Years I Love You The Most [Z×U]Donde viven las historias. Descúbrelo ahora