Love is [Z×U]

710 128 14
                                    

🌼TWENTY  TWO🌼

"ညနေ ၆ နာရီလေယာဉ်နဲ့သွားရတော့မှာ "

တစ်ယောက်စာသာလှဲအိပ်လို့ရတဲ့ ဆိုဖာပေါ်မှာ JongIn ရော KyungSoo ရော လှဲအိပ်နေကြသည်။ သေချာပေါက် KyungSoo ရဲ့ခန္ဓာကိုယ်သေးသေးလေးက JongIn ရဲ့ ရင်ခွင်ထဲမှာ အလုံးစုံမြုပ်နေ၏။

JongIn က သူ့ရဲ့လက်မောင်းပေါ်မှာ အုံးပြီးအိပ်နေတဲ့ KyungSoo ရဲ့ နဖူးလေးကို ညင်သာစွာနမ်းရင်းပြောလိုက်သည်။

"အချစ်ကို လွမ်းနေတော့မှာပဲ"

JongIn ရဲ့နှုတ်ခမ်းထူထူလေးက KyungSoo ဆီကနေမခွာသေးပဲ ဖိကပ်ထားရင်းနဲ့ပြောလိုက်တော့ KyungSoo က JongIn ကို ပိုတိုး၍ ဖက်ထားလိုက်သည်။

"ငါလဲမင်းကိုလွမ်းနေမှာ"

ကျလုဆဲဆဲဖြစ်နေတဲ့ မျက်ရည်တွေကိုတော့ JongIn ရဲ့ အကျီ င်္ပေါ်မှာ ကျဆင်းခွင့်ပေးလိုက်တော့သည်။ JongIn ကလဲ သူ့ကို ပိုပြီးတင်းကျပ်နေအောင် ဖက်ထား၏။

၃ ရက်လုံးလုံး JongIn ရဲ့ အိမ်မှာပဲ ဒိတ်လုပ်ဖြစ်သည်။ ပထမနေ့က သူတောင်းဆိုတဲ့အတွက် ၊ ဒုတိယနေ့က JongIn နေမကောင်းသည့်အတွက် ၊ အခုနောက်ဆုံးရက်ကျတော့ ဘယ်မှမသွားချင်လောက်အောင်ကို ပူးကပ်ချင်သည့်အတွက်။

"ဒီကြားထဲ လာလည်လို့ရရင် လာခဲ့မယ် ... "

"မလာနဲ့ ... ကုသမှုကိုသာသေချာဂရုစိုက်
လွမ်းရင်ဖုန်းဆက်လိုက်လေ"

"ဒါဆို အချစ်အမြဲနားညီးတော့မှာပဲ"

"ဘာလို့လဲ"

"စက္ကန့်တိုင်း သတိရလို့လေ ... "

JongIn ရဲ့ ရင်ဘက်ကို ခပ်ဖွဖွလက်သီးထိုးလိုက်တော့ ရင်ဘက်လေးကိုဖိပြီး နာတယ်ဆိုပြီး
တမင်လုပ်ပြနေလေ၏။

"ပေါက်ကရတွေမပြောနဲ့ ပစ္စည်းတွေစစ်ရမယ်"

ရင်ခွင်ထဲကနေ ထွက်လာရုံပဲရှိသေးတယ် လက်ကိုဆွဲပြီး အတင်းပြန်လှဲနေတဲ့ JongIn ကြောင့် KyungSoo မှာ ရင်ခွင်ထဲကို တစ်ဖန်ပြန်ရောက်သွားပြန်သည်။

"နာကျင်ဖူးချင်တယ် ... အထူးသဖြင့် ခုနကလို အချစ်က ကိုယ့်ကိုလက်သီးနဲ့ထိုးတဲ့အခါ ဘယ်လိုခံစားရမလဲဆိုတာကို သိချင်တယ် ၊ အချစ်ကိုယ်တိုင်လုပ်ပေးတဲ့ ဟင်းရည်ပူပူလေးကိုသောက်ပြီး ပူတဲ့ခံစားမှုမျိုးရချင်တယ်၊ အခုလို ဘာမှမခံစားရတဲ့ ဘဝမှာ မနေချုင်ဘူး"

The Years I Love You The Most [Z×U]Where stories live. Discover now