🌼SIX🌼
အချိန်တွေကူးပြောင်းခဲ့သည်မှာ KyungSoo တို့ ပထမနှစ်ဝက်စာမေးပွဲပင်ဖြေရတော့မည်။
နောက်နှစ်ပတ်လောက်နေရင် ဖြေရတော့မှာဖြစ်၍ KyungSoo လဲ စာတွေစုံအောင်ပြင်ဆင်ရသည်။ စာတွေအကုန်စုံသွားတဲ့အခါ ကျောင်းမတက်ပဲနေတော့မှာဖြစ်လို့ ...
သူကျောင်းတက်ရင်လဲ တစ်ယောက်ထဲ အိမ်မှာနေရင်လဲ တစ်ယောက်ထဲဖြစ်မှာချင်းအတူတူတော့ အိမ်မှာပဲသက်တောင့်သက်သာနေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ခဲ့တာပင် ...
ပြီးတော့ Kai ...
Kai ကျောင်းမလာတာလဲ ဒီနေ့နဲ့ဆိုရင် နှစ်ပတ်နီးပါးမျှရှိပြီ ... တစ်ခုခုများဖြစ်လို့လားဆိုပြီး စိုးရိမ်နေပေမယ့် သူနဲ့ပတ်သတ်ပြီးဘယ်သူမှ စကားမဟတာကြောင့် KyungSoo မှာ တစ်နေ့တစ်နေ့ သူ့အလာကိုမျှော်နေမိသည်။အနောက်ကကျောင်းသားအုပ်စုကတော့ ဟိုတစ်ခါစပြီးကထဲက သူ့ကိုမစတော့သလို Kyungsoo ကလဲ
အနောက်ကိုလှည့်မကြည့်တော့ ...ဒီလိုနဲ့ပဲ KyungSoo ရဲ့ ကျောင်းတက်ရက်တွေက ပျင်းရိစရာကောင်းခဲ့၏။
"ကျွန်တော်ပြန်ရောက်ပါပြီ "
ဖိနပ်လဲဝတ်ရင်း ပြန်ရောက်တဲ့အကြောင်းကိုအသိပေးလိုက်တော့ အမေကအပြေးလေးလာကြိုသည်။
"သား သားရဲ့တီလေးလာတယ်"
အမေ့အနောက်ကနေ အအေးခွက်ကိုင်ပြီး ထွက်လာတဲ့ တီလေးကိုမြင်တော့ KyungSoo ပြေးဖက်လိုက်သည်။
"အမယ်လေး ... ဒီတူရီးနှစ်ယောက်နော် မပြောချင်ဘူး ... မတွေ့ရတာ ဘယ်လောက်မှမရှိသေးဘူး အလွမ်းသယ်နေလိုက်ကြတာ ... "
အမေပြောလိုက်တော့ တီလေးက "KyungSoo လေးက သူ့ကိုပိုချစ်တာ" လို့ ရယ်မောပြောသည်၊
အမေက မနိုင်ဘူးဆိုတဲ့ သဘောနဲ့ ခေါင်းယမ်းပြကာ ထွက်သွားသည်။
"ကျွန်တော်က တီလေး ပြန်သွားပြီထင်နေတာ "
အီတလီမှာ အခြေချနေတဲ့ တီလေးက တစ်နှစ် နှစ်ခါလောက် ပုံမှန်လာဖြစ်သည်။ လာတိုင်းလဲ တစ်လကျော် နှစ်လနီးပါးနေနေကြမို့လို့ တီလေးလာတဲ့အချိန်တွေဆို KyungSoo ပူဆာစရာလူတစ်ယောက်တိုးသည်။
YOU ARE READING
The Years I Love You The Most [Z×U]
Fanfictionကျွန်တော် သူ့ကိုချစ်သော ရက်၊လ၊နှစ် တွေ ~~~ We have nothing ~ But we have beautiful love ❣💕 #Kaisoo #Kadi