ခါးသက်တဲ့ ဘဝထဲ ချိုမြမြ အမှတ်တရ တစ်ခုနှစ်ခု ထပ် လောင်းထည့်လျှင် နည်းနည်းလောက် ဖြစ်ဖြစ် ဘဝရဲ့ အရသာ ပြောင်းလဲသွားနိုင်မလား။
သို့မဟုတ် ခါးသက်မြဲ ခါးသက်ဆဲသာ ဖြစ်နေဦးမလား။
ထို အဖြေကို လူသားနှင့် ဆင်တူသော ထို သတ္တဝါ ဖန်တီးပေးသည့် ရက်ပေါင်း ၁၈၀ အတွင်း နေထိုင်ရင်း ကျွန်မဟာ မသိမသာ ပိုက်စိတ်တိုက် ရှာဖွေနေခဲ့မိသည် ထင်၏။
"....!!!!"
နှလုံးခုန်ရပ်ပြီ ဟု ထင်လိုက်မိချိန်က အဝတ်ဗီဒိုထဲတွင် မင်္ဂလာပွဲနှင့် လိုက်ဖက်မည့် Dress တစ်ထည်ကို ရှာဖွေနေရင်း မျက်လုံးထောင့်စွန်းကနေ လူအရိပ်တစ်ခုကို ဖျတ်ခနဲ တွေ့လိုက်ရချိန် ဖြစ်သည်။
အိမ်အဝင်ဝတံခါးရော ဝရန်တာမှန်တံခါးပါ သေချာ ပိတ်စက်ထားတာ သေချာပါရဲ့သားနှင့် အိပ်ခန်းထဲအထိ လူတစ်ယောက်က ဘယ်လို ရောက်လာသလဲ ဟု လန့်လန့်ဖျတ်ဖျတ်ဖြင့် ထိတ်ခနဲ ဖြစ်သွားသည်။
အဖြူရောင် Dress တစ်ထည်အား လွှတ်ချလိုက်ဖို့လည်း စိတ်ကူး မရ၊ လက်ချောင်းများအတွင်း ဆက်လက် ကိုင်ဆောင်ထားကာ၊ လူအရိပ် ရှိရာသို့ ကျွန်မ ခေါင်းတွေ စောင်းကြည့်မိသည်။
ကုတင်ပေါ်တွင် ခြေထောက် ချိတ်ထိုင်နေသော ခပ်မည်းမည်း ပုံရိပ်က ခေါင်းအုံးကို ရင်ခွင်ထဲ ထွေးပိုက်ရင်း ကုတင်ပေါ်ကနေ ကျွန်မကို လှမ်းရယ်ပြလို့ နေတာ တွေ့၏။ သူခိုးဓားပြ မဟုတ်လို့ စိတ် အေးသွားရသော်လည်း အမြဲတမ်း ဒီလိုပဲ သူ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လုပ်နေတာကတော့ တော်တော်လေး အဆင်ပြေစရာ ကောင်းမနေတဲ့ ကိစ္စကြီး မဟုတ်လား။
"ဘယ်သွားစရာရှိလို့လဲ Darling"
အခန်းထဲက စားပွဲတင်နာရီကို အမှတ်တမဲ့ လှမ်းကြည့်မိတော့ နေ့လည် ဆယ်နှစ်နာရီတိတိ။
နောက်ပိုင်းတွေဆို 12 ဂဏန်းပေါ် နာရီလက်တံတွေ ခေတ္တ မှေးစက်သွားတိုင်း သတိတထားနဲ့ ဆင်ဆင်ခြင်ခြင် နေမှ ရတော့မည့် ပုံ။
YOU ARE READING
YOURS (Completed)
Short Storymay all impossible things become possible when I lock my lips on y..o..u..r..s
