Chapter: Eight

324 54 30
                                    

အချိန်အကြာကြီး မျက်လုံးချင်း ဆုံထားကြရုံဖြင့် တစ်ယောက်နှင့်တစ်​ယောက် ချစ်မိမသွားနိုင်ကြသလို၊ နှစ်ဦးသဘောတူ နမ်းရှိုက်ကြရုံဖြင့်လည်း ပျော်ရွှင်စရာ အဆုံးသတ်တွေက မျက်လှည့်တစ်ခုလိုမျိုး ရောက်မလာနိုင်ပါဘူး တဲ့။

ကျွန်မ အိမ်မှာ အဲ့ဒီနတ်ဘုရား အခြေချနေခဲ့တာ ၁၅ ရက်မြောက်နေ့။

သူ့ရဲ့ ခန္ဓာကိုယ်အနှံ့မှ အနက်ရောင် သွေးကြောများ တဖြည်းမြည်း မှိန်ပျစပြုနေပြီလည်း ဖြစ်သည်။

"အစ်မ
ဟိုမှာ ထိုင်နေတဲ့ လူက အစ်မ သိတဲ့လူလား"

သူ့ကိုတစ်ယောက်တည်း အိမ်မှာ ချန်ထားခဲ့ရင်း လာနေကျအတိုင်း ဆိုင်ကိုရောက်လာတော့ ရောက်ရောက်ချင်းပဲ Geun က အလောတကြီး လှမ်းမေးလာခြင်း။

Geun ညွှန်ပြသော နေရာကို ကျွန်မ လှမ်းကြည့်လိုက်သည်။

မိုးပြာရောင် ရှပ်လက်ရှည်တစ်ထည်နှင့်အတူ ထိုလူဟာ ဒီနေ့လည်း လူကြီးလူကောင်းဆန်စွာ အသက်ရှင်နေ၏။ အပေါ်နှုတ်ခမ်းတွင် ပေနေသည့် ကော်ဖီခရင်မ်များအား လျှာဖြင့် သုတ်သင်လျက် ပြတင်းပေါက်အပြင်ရှိ ဆန့်ကျင်ဘက်နေရာသို့ ငေးနေ၍ ကောင်တာကနေ ကျွန်မ သူ့ကို အာရုံစိုက်နေမှန်း သိပုံမပေါ်။

"ဘာဖြစ်လို့ မေးတာလဲ"

"အစ်မ မလာသေးဘူးလား လို့ တစ်ချိန်လုံး ထထပြီး လာမေးနေလို့လေ
သုံးခါလောက်ရှိပြီ
ပြီးတော့ ထူးထူးဆန်းဆန်း ကျွန်တော့်ကို လာပြီး အစ်မနာမည် ဘာလဲ မေးနေတယ်"

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးမှာ ရှစ်နာရီကနေ ဆယ့်နှစ်ကျော်အထိ ရှိတယ် ပြောထားဖူးလို့ ဗုဒ္ဓဟူးနေ့ မနက် ရှစ်နာရီမထိုးခင်ကတည်းက ဇွဲကောင်းကောင်းဖြင့် လာထိုင်စောင့်နေသလားပင် မသိ။

Geun စကားကို နားထောင်ပြီး ကျွန်မနှုတ်ခမ်းတွေ ဖြည်းဖြည်း ကွေးသွားတဲ့အခါ Geun ရဲ့မျက်နှာတစ်ပြင်ပေါ်၌ ကြောင်စီစီ အမူအရာတစ်ချို့ ဖြန်းပက်သွားသည်။

"ဘာလဲကွာ အစ်မ
ဒါ နောက်ထပ် အီစီကလီတစ်ယောက်လား
ဟိုတစ်နေ့က ကော်ဖီဆိုင်ထဲမှာ နမ်းနေတဲ့ အစ်ကိုကရော"

YOURS (Completed)Donde viven las historias. Descúbrelo ahora