Unicode
"Jungkookie hyung ကျွန်တော့်ပုံစံ ဘယ်လိုနေလဲ"
"ကြည့်ကောင်းသွားပြီ"
လည်ထောင်အင်္ကျီအပေါ်ကိုမှ အကွက်လက်ရှည်ဝတ်ထားသော ကြောင်ကလေးမှာ Jungkook မျက်စိထဲတွင် အလွန်ပင်ချစ်စရာကောင်းနေသည်
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Jimin က Hyung တို့နှင့်သွားတွေ့မည်ဆိုသောကြောင့် မနက်ကတည်းက စိတ်လှုပ်ရှားကာ အလွန်တက်ကြွနေသည်
ရေချိုးပေးနေတုန်းကလည်း သူ့အမွှေးတွေ တောက်ပြောင်ချင်ပါတယ်ဆိုလို့ hair conditioner နဲ့ လျှော်ပေးရသေးသည် အခုလည်း မှန်ရှေ့တွင် သူ့အမြီးကို သေသေချာချာ ဖြီးလိမ်းနေသေးသည်
"Jimin လာသွားကြမယ်"
"Hyung ကျွန်တော်ကြည့်ကောင်းတာသေချာတယ်နော်"
"အတိုင်းထက်အလွန်ပဲ"
Hoseok hyung အိမ်ကိုလမ်းလျှောက်နေစဉ်တစ်လျှောက်လုံးလည်း Jimin က နှုတ်ခမ်းလေးထော်ကာ
"Jungkookie hyung ကျွန်တော့်အမွှေးတွေ ပြောင်လက်နေတာပဲမလား"
"ကျွန်တော့်ဆီက အနံ့ဆိုးဆိုးဝါးဝါးမရဘူးမလား"
"Conditioner ကနည်းနည်းပဲသုံးခဲ့လို့ထင်တယ် အမွှေးတွေက သိပ်ပြီးတော့မလှသလိုပဲ"
"ဒီအဝတ်အစားတွေနဲ့သိပ်မလိုက်—"
ပြွတ်
စကားအရမ်းများသော ကြောင်လေးလည်း အခုမှပဲ အသံတိတ်သွားတော့သည်
"Hyung အခု...ကျွန်တော့်ကို..."
Jimin ရဲ့မျက်နှာလေးသည် ချက်ချင်းဆိုသလိုပင် နီရဲတက်လာပြီး အမြီးလေးကလည်း မရပ်မနား ရမ်းနေသည်
"အဟမ်း... မင်းက စကားပြောတာကို ဘာလို့ နှုတ်ခမ်းဆူပြီးပြောလဲ"

YOU ARE READING
Your Calico Cat
FantasyJungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ Jungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ