"Jimin က သူ့ပိုင်ရှင်ဆီပြန်သွားရလိမ့်မယ်ထင်တယ်"
"Hyung သူမသွားလို့ရဘူးလား"
Jimin သာ သူ့အနားကနေထွက်သွားရမည်ဆိုပါက Jungkook ရှေ့လျောက် ဘာဆက်လုပ်ရမှန်းမသိတော့ပါ
Jungkook က Jimin ရဲ့အိမ်ကလေးဖြစ်သလို Jimin ကလည်း Jungkook ရဲ့ နားခိုရာ အိမ်ကလေးဖြစ်လာခဲ့လေပြီ
"သူ့မှာပိုင်ရှင်ရှိတယ်လေ မင်းသူ့ကိုဆက်ခေါ်ထားရင် ပြသနာတွေဖြစ်လာလိမ့်မယ်"
"ကျွန်တော် Jimin ကိုမပေးနိုင်ပါဘူး... ဒါပေမဲ့ hyung တစ်ခုတော့ထူးဆန်းနေတယ်..."
"ဘာကိုလဲ"
"Jimin တစ်ခါကပြောဖူးတယ် သူက busan က hybrid ထိန်းသိမ်းရေးကျောင်းမှာ ကြီးပြင်းလာတာတဲ့... အဲလိုသာဆို သူ့မှာပိုင်ရှင်ရှိစရာ အကြောင်းမရှိဘူးမလား"
"Jimin က မင်းကို..."
Namjoon ဘာဆက်ပြောမည်ဆိုတာကို Jungkook အလိုလိုသိနေသည်
"ဟာ မဟုတ်တာ Jimin က ကျွန်တော့်ကိုလိမ်မယ့်သူ မဟုတ်ဘူး"
သူဟာလိမ်တတ်တဲ့သူမဟုတ်ဘူးလို့ Jungkook တထစ်ချ ယုံကြည်ပေသည်
မဖြစ်ရဘူး Jimin ကို ဘယ်သူမှ ခေါ်သွားခွင့်မပေးနိုင်ဘူး
"Hyung ကျွန်တော့်ကို သူ့ပိုင်ရှင်ဆိုတဲ့သူ လိပ်စာပေး... ကျွန်တော် သူ့ကိုသွားတွေ့မယ်"
*****
"မဟုတ်ဘူး မဟုတ်ဘူးလို့!!"
Jungkook ရဲ့တိုက်ခန်းငယ်လေးသည် Jimin ၏ငိုသံကြောင့် ဆူညံနေသည် Jimin ကိုဖြစ်ကြောင်းကုန်စင်ပြောပြတော့ အဖြစ်မှန်ကို လက်မခံနိုင်ကာ သောင်းကျန်းတော့သည်
Jimin မှာ သူ့တွင်ပိုင်ရှင်မရှိကြောင်း ငယ်ငယ်ကတည်းက busan က ကျောင်းမှာပဲ ကြီးပြင်းခဲ့ကြောင်း သူ Jungkook ကိုမလိမ်ကြောင်း အထပ်ထပ်အခါခါ ရှင်းပြနေသည်
"ကျွန်တော့်ပိုင်ရှင်က Jungkookie hyung ပဲ!"
"Hyung ကျွန်တော့်ကို အဲ့ပိုင်ရှင်ဆီ မပို့ပါနဲ့နော်"
"ကျွန်တော် hyung နဲ့ပဲ တစ်သက်လုံးနေမှာ"
"Jimin ရယ် hyung ပြောတာနားထောင်ပါဦး"
YOU ARE READING
Your Calico Cat
FantasyJungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ Jungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ