စျေးဝယ်ပြီးတဲ့နောက် အိမ်ရောက်တော့ စားဖို့သောက်ဖို့ ပြင်ဆင်ရလေသည်
Jungkook ဟင်းချက်ဖို့ပြင်ဆင်တော့ Jimin က သူလည်းကူညီချင်လို့ပါဆိုပြီးပြောပေမဲ့ မီးဖိုတွေနားစိတ်မချလို့ မကူခိုင်းပေ
"Jimin လေးက လိမ္မာတယ်မလား"
"Hyung ကျွန်တော်လည်း ကူလုပ်ပေးချင်ပါတယ်ဆို!!"
"မီးဖိုချောင်က အန္တရာယ်များတယ် မတော်လို့ မင်းအမွှေးတွေ မီးစွဲသွားရင် ဘယ်လိုလုပ်မလဲ"
နောက်ဆုံးခြောက်လန့်ကာ ပြောတော့မှ ထမင်းစားပွဲတွင်သွားထိုင်နေတော့သည်
မျက်နှာကြီးဆူပုတ်နေသော ကြောင်လေးကြောင့် Jungkook မှာမနေနိုင်မထိုင်နိုင်တွေဖြစ်ပြီး
"Jimin လေး hyung ဟင်းချက်နေတုန်း Tv ကြည့်မလား"
"TV??"
Jimin ကို TV ဘယ်လိုဖွင့်ရမယ် channel ချိန်းချင်ရင် ဘယ်လိုလုပ်ရတယ်သင်ပြီးတာနဲ့ ဟင်းချက်ဖို့ ပြန်လုပ်ရပြန်သည်
Jungkook လည်း မိမိအဖြစ်ကို စဉ်းစားပြီးရယ်ချင်မိနေသည် အရင်က ဟင်းချက်စားဖို့နေနေသာသာ ပိုက်ဆံကုန်သက်သာအောင်ဆိုပြီး တစ်ရက်လုံးနေမှ ခေါက်ဆွဲပြုတ်တစ်ထုတ်သာစားတတ်လေသည်
အစ်ကိုတွေ... အထူးသဖြင့် Jin hyung က မနေနိုင်တော့လို့ တစ်ပတ်ခြားတစ်ခါ ဟင်းဘူးတွေ လာလာပို့သည်
ကြောင်ကလေးရောက်လာမှပဲ စျေးဝယ်ထွက်ရတာနဲ့ ကိုယ်တိုင်ဟင်းချက်ပေးရတာနဲ့
Hyung တွေသာသိရင် မေတ္တာပို့နေမှာ အမှန်အကန်ပင်
"Jimin ရေ ထမင်းစားကြမယ်"
ပြန်ထူးသံမကြားသဖြင့် ဧည့်ခန်းထဲကိုကြည့်လိုက်တော့ ဆိုဖာပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်သည်
"Jimin?"
အိပ်ပျော်နေတယ်ဆိုလည်း မနိုးတော့ပဲ အခန်းထဲကိုရွှေ့ပေးဖို့ လုပ်လိုက်သည်
Jimin ကိုပွေ့ချီလိုက်တော့ ပူခြစ်နေတဲ့ အသားကြောင့် Jungkook လန့်သွားသည်
အလျင်အမြန်ပင် အခန်းထဲခေါ်သွားပြီး နဖူးပေါ်လက်တင်လိုက်တော့ ကိုယ်တွေပူနေသည်ကို သိလိုက်သည် Jimin အသက်ရှုသံသည် ပုံမှန်မဟုတ်တော့ပဲ တဖြည်းဖြည်းနှေးလာသည်ကို Jungkook သတိထားမိသွားသည်
YOU ARE READING
Your Calico Cat
FantasyJungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ Jungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ