"Jungkookie hyung"
ထိုသူစိမ်းတို့သည် Jimin လက်မောင်းနှစ်ဖက်ကို ချုပ်တီးကာ ကြိုးတုတ်ဖို့ကြိုးစားလေသည်
"လွှတ် ကျွန်တော့်ကိုလွှတ်ပေးပါ"
"ဒီကောင်လေးက ရှားပါးမျိုးလေးပဲ သခင်လေး ကျွန်တော်တို့တော့ ချမ်းသာပြီပဲ"
"မရောင်းစားခင် ငါတို့သူ့ကိုအရင်စားကြမလား ဟားဟားဟား"
"မလုပ်ပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်"
Jungkookie hyung မြန်မြန်ပြန်လာပေးပါ
ကျွန်တော်အရမ်းကြောက်နေပြီ
"ခင်များတို့ဘယ်သူတွေလဲ"
စိတ်ထဲတွင်တစ်မျိုးကြီးဖြစ်နေသဖြင့် ကျောင်းကို နေ့တစ်ဝက်ခွင့်ယူကာ ပြန်လာခဲ့တော့ အိမ်တွင်တွေ့လိုက်ရသော မြင်ကွင်းသည် Jungkook တစ်ကိုယ်လုံးရှိ သွေးတွေကို ဆူပွက်သွားစေသည်
"Jungkookie hyung!! Hyung ကယ်ပါဦး"
"ခင်များတို့ Jimin ကိုဘာလုပ်မလို့လဲ"
"Shit ပဲ စောက်လုပ်ရှုပ်ပါတယ်ဆိုမှ"
ခေါင်းဆောင်ဖြစ်သူဟု ထင်ရသောသူက အချက်ပြလိုက်တော့ ကျန်နောက်လိုက်နှစ်ယောက်သည် Jungkook ကို ဝင်လုံးကာ အပြန်အလှန်ရိုက်နှက်ကြတော့သည်
Jungkook လည်းပြန်ထိုးသော်လည်း လူအင်အားချင်းမမျှသဖြင့် ခံနေရသည်
ခေါင်းကို ပန်းအိုးနှင့် ရိုက်ချလိုက်တော့ Jimin ဆီမှာ "hyung" ဆိုသောအသံကို သူနောက်ဆုံးကြားလိုက်ရသည် ထို့နောက်လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားတော့လေသည်
"Jungkookie hyung! Hyung ထပါဦး"
"သောက်အပေါက်က မပိတ်နိုင်ဘူးလား ဟေ့ကောင်တွေ ဆေးပေးလိုက်တော့"
"ကျွန်တော့ကိုလွှတ်!! Jungko..."
ငိုယိုအော်ဟစ်နေသော Jimin သည်လည်း နောက်ဆုံးတွင် မေ့ဆေးဒဏ်ကြောင့် မေ့သွားခဲ့လေပြီ
Jimin ကို ကြိုးသေသေချာချာတုတ်ပြီးတော့ ကားရှိရာကို ပြန်ဖို့အလုပ် သွေးအိုင်ထဲတွင်လဲနေသော Jungkook ကြောင့်
"သခင်လေး သူ့ကိုဘာဆက်လုပ်ရမလဲ"
"ကျစ်... ရှုပ်တယ်ကွာ သူ့ပါတခါတည်းဖမ်းလာခဲ့လိုက်"
YOU ARE READING
Your Calico Cat
FantasyJungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ Jungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ